ကျွန်းလှမြို့ရှိ ငါးဈေးနှုန်းများ

ကျွန်းလှမြို့နယ်အတွင်း စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၏ ငါးကြင်း ဈေးနှုန်းများအနေဖြင့် ငါးကြင်း (အကောင်အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ငါးကြင်း(အကောင်အကြီး)လက်လီ ဈေး(၁) ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ငါးကြင်းခုတ်သား လက္ကား(၁) ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား လက်လီ(၁) ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်နှင့် ငါးကြင်းခုတ်သား လက်လီဈေး (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ငါးချောင်း ဈေးနှုန်းများ အနေဖြင့် ငါးချောင်း (အကြီး) ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက္ကား တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးချောင်း(အကြီး)ရှယ်ဆိုက်ဝင် တစ်ကောင်ကို(၇၀)ကျပ်သားအထက် လက်လီ တစ်ပိဿာလျှင်(၂၂၀၀၀) ကျပ်၊ ငါးချောင်း(အလတ်)နှင့်(အသေး)လက္ကားတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ငါးချောင်း (အလတ်) နှင့်(အသေး)လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် ဈေးနှုန်း ဖြင့်လည်းကောင်း၊ ငါးဖယ်ခြစ် ဈေးနှုန်းများ အနေဖြင့် ငါးဖယ်ခြစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးဖယ်ခြစ်(၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့်ငါးဖယ်ခြစ် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြစ်ပြီး ငါးဖယ် ဈေးနှုန်း အနေဖြင့် ငါးဖယ် အကောင်လိုက် လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)








