
ကျွန်းလှမြို့နယ်တွင် ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ပုဇွန်ဆိတ် ဈေးနှုန်းများမှာ ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ပုဇွန်ခြောက် ဈေးနှုန်းများမှာ ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀) ကျပ်၊ အလတ် တစ်ပြည် လျှင်(၄၀၀၀၀)ကျပ်၊ အလတ် နို့ဆီ(၁)ဘူးလျှင် (၅၀၀၀)ကျပ် နှင့် အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)