Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့နယ်အတွင်းဟင်းသီးဟင်းရွက်ရောင်းချနေသောစျေးကွက်စျေးနှုန်းအခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများ သော်လည်း ဟင်းသီးဟင်းရွက်များလည်း ပေါများသောမြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများ သည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာ များတွင်စိုက်ပျိုးလာကြပါသည်။နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြသော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်သီး၊ ကျောက်ဖရုံသီးတို့ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက် သတ္တပတ်အတွင်း ဂေါ်ဖီပွင့် (တစ်ပွင့်) ကျပ် ၃၀၀၀၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ကျပ်- ၂၀၀၀ ၊ ငရုပ်သီးစိမ်း(တစ်ဗူး) ကျပ်-၁၅၀၀၊ ပဲတောင့်ရှည်သီး (တစ်စည်းလျှင်) ကျပ်-၂၀၀၀၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

မုံရွာမြို့ရှိ  သံလမ်းဈေးတွင် ရောင်းချနေသော ခဝဲသီးဈေးနှုန်း

              မိသားစုစားဝတ်နေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများသ် ရာသီအလိုက် သီးနှံမျိုးစုံများ စိုက်ပျိုးလျှက်ရှိပြီး ယခုအခါ မိသားစု  အပိုဝင်ငွေ ရရှိစေရန် ခဝဲသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော သီးနှံများကို မုံရွာမြို့ပေါ်ရှိ ဈေးများသို့ ကိုယ်တိုက်လာရောက်ရောင်းချခြင်း၊ ဖောက်သည် သွင်းခြင်းများဖြင့်လည်း  ရောင်းချကြပါသည်။ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင်(၂၄၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀/-)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ် လည်း ချက်စား၍ရသလို ကြက်ဥနှင့်ကြော်စားပါကအလွန်အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ပြီး ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ပန်းဂေါ်ဖီစိမ်းစျေးနှုန်းအခြေအနေ

    ထားဝယ်ကုန်စိမ်းစျေးကွက်သို့ ၂၀၂၅ ခုနှစ်၊ဇွန်လ ပထမပတ်အတွင်း ပန်း‌ဂေါ်ဖီ  စိမ်းများ ဝင်ရောက်မှုနည်းသွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ ရှမ်း ပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက် အတွင်း ဝင်ရောက်လျက်ရှိပြီးစျေးကွက်အတွင်း အရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ်ကာ ပန်းဂေါ်ဖီစိမ်းမှာ နူးညံ့မှုပိုသည့်အတွက် စျေးပိုရကြောင်း သိရှိရပါသည်။

      ထားဝယ်ကုန်စိမ်းစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်၌ ပန်းဂေါ်ဖီစိမ်းများမှာ အရွယ် အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး တစ်ပွင့်လျှင်(၄၀၀၀ ကျပ်မှ ၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ရှောက်သီးဈေးနှုန်းအခြေအနေ

     တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့အနီးအနားရွာများမှ   ထွက်ရှိသော ရှောက်သီးများကို ထားဝယ်မြို့ပေါ်ရှိ အဝယ်ဒိုင်များမှ ခြံအထိလာရောက်ဝယ်ယူပြီး ၎င်းအဝယ်ဒိုင် များမှတစ်ဆင့် စည်ပင်သာယာဈေး၊ကမ်းနားဈေး၊ညနေဈေးတို့တွင် ပြန်လည်ရောင်းချကြကြောင်း သိရှိရပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ဒေသထွက်သီးနှံဖြစ်သည့် ရှောက်သီးများအား  ရှောက် ပေါင်းချိုပြုလုပ်ပြီး တခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

           ယခုအချိန်တွင်  ရှောက်သီးအလုံးသေးတစ်လုံးလျှင် ၃၀၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင်(၅၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားသုံးသူများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးနှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာနှင့် တင်းတိန်ရံ ကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုးစိုက်ပျိုးကြကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည် လျှင်(၂၂၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀) ကျပ် သော်လည်းကောင်း၊ ခဆော့သီး လက္ကား တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပြည် လျှင်(၃၂၀၀)ကျပ် နို့ဆီတစ်ဘူးလျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်းခါးသီးနှင့် ခဆော့သီး  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ အာလူးဈေးနှုန်း အခြေအနေ

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိ သည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာလျက်ရှိ ကြောင်း သိရသည်။

          စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်မှတစ်ဆင့် ကုန်တင်ကားများဖြင့် ထားဝယ်မြို့ရှိ ကုန်စည်ဒိုင်များသို့တင်ပို့ပြီး ထိုမှတဆင့် လက်လီအရောင်းဆိုင် များသို့ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ဇူလိုင်လ ဒုတိယပတ်အတွင်း လေ့လာချက်များအရ စည်ပင်သာယာဈေးကြီးအတွင်း၌ အာလူးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိနေပြီး အရင်လကထက် ဈေးနှုန်း ကျဆင်းနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော လဖက်အစားထိုး ကြက်တက်ရွက်ပြုတ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

        ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင် ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။

              ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါ သည်။  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူ ရွက်ပြုတ် (၁၀)ကျပ်သားခန့် တစ်လုံးလျှင် (၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မိုးရွာသွန်းသည့်အတွက် ကြက်တက်ရွက်နှင့် ကြက်မောက် ဖြူရွက်များ လှိုင်လှိုင်ထွက်ရှိပြီး အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီးဈေးနှုန်း

          ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေးသီး၏ ဈေးနှုန်းများမှာ အကြီး(၁)လုံးလျှင်(၆၀၀၀)ကျပ်၊ အလတ်(၁)လုံး လျှင်(၅၀၀၀)ကျပ် နှင့် အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ စပျစ်သီး ဈေးနှုန်းများမှာ အလုံးကြီး လက္ကား တစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၂၄၀၀၀) ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင် (၁၂၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ လည်းကောင်း၊ စပျစ်သီး အလုံးသေး လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးသို့  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥဈေးနှုန်းမှာ ကန်ဇွန်းဥ လက္ကားဈေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် လက္ကားဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိှိရသည်။

DOCA(စစ်ကိုင်း)

တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် ထင်ရှားသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန် တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း