Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ ယာတော၊လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

    ၂၀၂၅ခုနှစ်၊ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ ကြက်ဟင်းခါးသီးနှင့်ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့်နတ်ပေး ကျေးရွာ၊ ကာဘိုးကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာ လျှင်(၄၀၀၀)ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင်(၃၈၀၀)ကျပ်၊ (၁)ဘူးလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ရွှေဖရုံသီးနှင့် ကြက်ဟင်းခါးသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီးအလုံးကြီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးအလုံးသေး(၁)လုံးလျှင် (၂၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ်(၁)စိတ် လျှင်(၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၁)ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ အုန်းသီးဈေးနှုန်းဈေးကွက်

    အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အ သားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကို အသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာပွဲများ၊ အလှူပွဲ မင်္ဂလာဆောင်နှင့်နတ်ပွဲများတွင် မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

     ယခုအခါ အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင် အု်နးသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူမြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှု ရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ၂၅၀၀)ကျပ်အထိရှိပြီး အုန်းသီးအခြောက် (၁)လုံးလျှင် (၂၅၀၀မှ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိ ဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူမြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှ ဝယ်ယူကြကြောင်း ၊အုန်းသီးအသုံးပြုမှုများပြားကာ ဝင်ရောက်သမျှ အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

သင်္ဘောသီးစိမ်းဈေးနှုန်းဈေးကွက်

    ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စိမ်းဈေးကွက်သို့  ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသထွက် သင်္ဘောသီးစိမ်းများ လာရောက်ရောင်းချကြကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းချခဲ့သော သင်္ဘောသီးစိမ်းဈေးနှုန်းများ မှာလက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်သော သင်္ဘောသီး စိမ်းဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာ လျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက(၁၅၀၀) ကျပ်ဈေးနှုန်းကျဆင်းလာကြောင်း သင်္ဘောသီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့် အထောင်းစုံရောင်းသည့်ဆိုင်များမှ ဝယ်ယူကြသဖြင့် သင်္ဘောသီးများအရောင်း အဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများဈေးနှုန်းအခြေအနေ

   ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့မှ မှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်း ဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁)ပိဿာ လျှင်(၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၃၀၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာ လျှင်(၂၅၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိ ဿာလျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁) ပိဿာလျှင်(၄၈၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့်အရောင်းဝယ်သွက်လျက်ရှိကြောင်း  ကန့်ဘလူမြို့၊မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသော (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်း

     ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ထို(မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး )မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊မုန့်ဟင်းခါး)မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင်ရောင်းချလျက်ရှိသော ပြောင်းဖူးဈေးနှုန်းများ

    ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကာဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက် လျက်ရှိသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစား ဖြစ်ပြီးပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။         

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး ()ဖူးလျှင် (၅၀၀)ကျပ်၊ အသေး()ဖူးလျှင် (၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့် ဝယ်ယူပြီးပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ် အကြီး()ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေး ()ဖူးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊ဇူလိုင်လ စတုတ္ထပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ ဇွန်ပန်း(၁)ကုံးလျှင်(၃၅၀)ကျပ်၊ ဇွန်ပန်း(၃) ကုံးလျှင် (၁၀၀၀)ကျပ်၊ စံပယ်ပန်း(၁)ကုံးလျှင်(၁၅၀)ကျပ်၊ စံပယ်ပန်း(၄)ကုံးလျှင်(၅၀၀)ကျပ်၊ ခရေပန်း(၁)ကုံးလျှင် (၃၀၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ စကားဖြူ၊စကားဝါပန်း(၁)ကုံး လျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင်(၅၀၀)ကျပ်၊  ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၅၀)ကျပ်၊ရွှေပန်း၊ငွေပန်း(၄)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်း ကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း၊ အမျိုးသမီးများ အလှပန်ရန်အတွက်လည်းကောင်း၊ကားများ၊ ဈေးဆိုင်များတွင် သဘာဝပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊မြို့မဈေးတွင်ရောင်းချလျက်ရှိသော ငါးဖယ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ်ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  ရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် (၁)ပိသာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် ငါးဖယ်ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ကန့်လန့်ဖူး၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးပင်များကို  နေအိမ်ခြံဝင်း များတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှီ ကြောင်းသိရသည်။ ကင်းပုံသီးနှင့်ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ကန့်ဘလူမြို့မဈေးတွင် ကင်းပုံသီးနှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ကန့်ဘလူမြို့ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီးများကို နို့ဆီဘူး (၁)ဘူးလျှင် (၄၀၀)ကျပ်၊ (၁)ပြည်လျှင်(၃၀၀၀) ကျပ်နှင့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းမှာ   ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးအကြီး(၁)တောင့် လျှင်(၇၀၀)ကျပ်၊ အလတ်(၁)တောင့်လျှင်(၄၀၀)ကျပ်၊ အသေး(၁)တောင့်လျှင် (၃၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း