Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်နေသည့် ဆူးပုတ်ရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်း သူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိ ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဆူးပုတ်ရွက်များ လာရောက်ရောင်းချကြောင်း သိရသည်။

   ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဆူးပုတ် ရွက်(၁)စီးလျှင် (၃၀၀)ကျပ်၊ (၄)စီးလျှင် (၁၀၀၀)ကျပ်နှင့် (၁၀)စည်းပါ(၁)ထုံးလျှင် (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဂေါ်ရခါးသီးနှင့် သခွားသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူရစေရန် မိမိတို့ တတ်ကျွမ်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင်(၆၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၄၅၀)နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ် ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

     ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် (၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ် ဆေးများဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး တွင် ခရမ်းသီး(၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်  (၁၅၀၀မှ ၂၀၀၀) ကျပ်တို့ဖြင့်ရောင်းချရပြီး မိသားစုဝင်ငွေရရှိနေကြောင်း၊ တစ်နိုင်တစ်ပိုင် ခရမ်းအပင်စိုက်ပျိုးထားသည့်  ဦးလှအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက် များအပြင် ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်တက်ရွက်ကို  မိုးဦးကျစအချိန် ရွက်ဟောင်ကြွေပြီး ရွက်နုထွက်ချိန်တွင် ခူဆွတ်ကာ ရေနွေးနှင့်ပြုတ်ပြီး လက်ဖက်ကဲ့သို့သုပ်စားကြကြောင်း ရှေးလူကြီးများ၏ ပြောပြချက်အရ သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်မောက်ဖြူရွက် ပြုတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၄)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကြက်တက်ရွက်ကို လဖက်မကြိုက်သူများက စားသုံးကြသလို၊ လက်ဖက်နှင့်ရောနှော၍လည်း စားသုံးကြကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် လပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကား ဈေး(၁)ပိဿာလျှင်(၂၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၆၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ဝယ်ယူစားသုံးသူများပြီး အရောင်းအဝယ်သွက်နေကြောင်း ကန်စွန်းဥရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူသစ်သီးဈေးကွက်၌ အရောင်းသွက်သည့် ပန်းသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဘုရာကြီးဈေးရှိ သစ်သီးဆိုင်များတွင် ဒေသထွက်အသီးအနှံများ၊ မန္တလေးတိုင်းဒေသကြီးနှင့် မြစ်ကြီးနားဒေသထွက် အသီးအနှံများ ရောင်းချလျက်ရှိပြီး ပန်းသီးများကို မန္တလေးသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် အရောင်းသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ပန်းသီး အကြီး(၁)လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၂၅၀၀)ကျပ်နှင့် အသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာရှိသည့်အတွက် စားဖူးသူတိုင်း ကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက်လျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဘတ်အကောင် (၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဩဂုတ်လ ပထမပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက်  အာဟာရ ဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်း ချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော မှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ရောင်းချလျက် ရှိကြောင်း ငှက်စွပ်မှိုသည် နေရာတိုင်းတွင် ပေါက်လေ့မရှိ မြေဆွေးနှင့် မြေဆီဩဇာကောင်းသည့် နေရာများ၌သာ ပေါက်သောကြောင့် ရှားပါးမှိုမျိုးဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၀၀၀)ကျပ်နှင့် ငှက်စွပ်မှိုတစ်ပိဿာလျှင် (၃၀၀၀၀မှ ၃၅၀၀၀)ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် ဈေးကြီးသော်လည်း အခြားမှိုများနှင့် အရသာပိုမို ကောင်းမွန်သောကြောင့် စားသုံးသူများကကြိုက်နှစ်သက်ကာ အရောင်းသွက်သည့်မှိုဖြစ်ကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးကွက်တွင် မုန့်ညှင်းဖြူထုပ်ဈေးနှုန်း မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုပ်၊ ‌ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှမှာယူ ရောင်းချကြောင်း သိရှိရသည်။

     ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း  ရောင်းချ လျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ်လက်လီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မုန့်ညှင်းဖြူထုတ် လက်က္ကား တစ်ပိဿာလျှင်(၇၇၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၃၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မုန့်ညှင်းဖြူထုပ် (၁)ပိဿာလျှင် (၈၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက ဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မများကလည်း ဝယ်ယူကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်တွင် နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငို စသည်တို့ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ် နေသော နှင်းပန်းဈေးနှုန်းအနေဖြင့် နှင်းပန်းတစ်စီးလျှင် (၇၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင် (၇၀၀)ကျပ်၊ (၃)စီးလျှင်(၂၀၀၀)၊ (၁၀)စီးလျှင် (၆၇၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းထိမ်ငိုပန်းသည် တာရှည်အထားခံသည့်အပြင် လှပသည့် အသွင်သဏ္ဍာန်ကြောင့် လူကြိုက်များကာ အရောင်းသွက်လျှက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

                                                                            

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း