Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဒေသထွက်ပိန်းဥဈေးနှုန်း

  ရာသီစာဖြစ်သည့်  ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။

  ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက် ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် တစ်ပိဿာလျှင် (၉၀၀၀/ ၁၀၀၀၀) ကျပ် နှင့်အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀၀/ ၁၅၀၀၀) ကျပ်နှုန်း တို့ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ် ကောင်း နေကြောင်းသိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ခရေပန်း  နှင့် ဇွန်ပန်း ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်တွင် ပိတောက်မြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်းအနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် အလားတူပင် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ စိုက်ပျိုးရောင်းချလျက်ရှိသော ခရမ်းသီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီး ဈေးနှုန်းအနေဖြင့် ထောပတ် ခရမ်းသီး လက်လီ တစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၀၀)ကျပ် နှင့် ပဒေသာ ခရမ်းသီး တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ခရမ်းသီးဈေးနှုန်း ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံ မျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အာလူးသီး နှင့် ခရမ်းချဉ်သီး ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  အာလူးသီးနှင့် ခရမ်း ချဉ်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေ သော အာလူးသီးများကို  ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန် နှင့်အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုးဖြင့် စားသုံးကြပါ သည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့ သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံး တတ်ကြပါသည်။   

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  အာလူးသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၂၀၀)ကျပ်နှင့်(၃၈၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ်လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက် နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၌ စိုက်ပျိုးရောင်းချသည့် ကောက်ရိုးမှိုဈေးနှုန်း

         ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်  စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှို ဈေးနှုန်းအနေဖြင့် ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချပြီး စားသောက်ဆိုင်များ ထမင်းဆိုင် များမှ ဝယ်ဘူသည့်အတွက်ဈေးကောင်းသော်လည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မင်းလှမြို့နယ်တွင်အခြေခံစားကုန်ဈေးနှုန်းများ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင်  ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊(အလတ်) တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊(အသေး) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊ မြန်မာ ကြက်သွန်ဖြူ (တစ်ပိဿာ)လျှင် ၆၀၀၀ ကျပ်၊ ဂျင်း(တစ်ပိဿာ)လျှင် ၄၅၀၀ ကျပ်၊သကြား (တစ်ပိဿာ)လျှင် ၄၉၀၀ကျပ်၊ကုလားပဲ(တစ်ပိဿာ)လျှင် ၆၄၀၀ ကျပ်၊မြေပဲဆံ(တစ်ပိဿာ)လျှင် ၈၅၀၀ ကျပ်၊ငရုတ်သီးခြောက်(တစ်ပိဿာ)လျှင်၁၁၀၀၀ ကျပ်၊အာလူး(တစ်ပိဿာ)လျှင် ၅၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၁၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

မင်းလှမြို့ရှိ ပဲဈေးကွက်အခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် မတ်ပဲ ၂၀ ပိဿာတစ်တင်းလျှင် ၉၀၉၀၀ ကျပ်ရှိခဲ့ပြီး၊စက်တင်ဘာလ ပထမပတ်တွင် မတ်ပဲ၂၀ပိဿာတစ်တင်းကို ၉၃၆၀၀ ကျပ် ရှိခဲ့သဖြင့်  ဈေးအနည်းငယ်သာ မြင့်တက်ခဲ့ပါကြောင်း၊ ပဲယင်း ၂၀ပိဿာတစ်တင်းကို ၇၇၂၇၀ ကျပ်၊ပဲပုပ် ၂၀ပိဿာ တစ်တင်းကို ၈၈၂၀၀ ကျပ်၊ စားတော်ပဲတစ်ပိဿာကို ၈၅၀၀ ကျပ်၊ပဲဖြူလေးတစ်ပြည်ကို ၇၅၀၀ ကျပ်၊ကုလားပဲတစ်ပြည်ကို ၈၀၀၀ ကျပ်၊ဘိုကိတ်တစ်ပြည်ကို ၇၀၀၀ ကျပ်၊ပဲနီစေ့တစ်ပြည်ကို ၁၀၀၀၀ ကျပ်ဖြင့်  ဈေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးလျက် ရှိပါကြောင်း ပဲကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်စပါး/ဆန်ဈေးကွက်အခြေအနေ

 ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ စပါးဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ဆင်းသုခ၊မနောသုခဟောင်း ၄၆ပေါင်တစ်တင်းလျှင် ၁၃၈၀၀၀၀ ကျပ်၊နွေစပါး သစ် ၄၆ပေါင် ၁၀၀တင်းကို ၁၂၈၈၀၀၀ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလပထမပတ်တွင် ဆင်းသုခ၊ မနောသုခ ဟောင်း ၄၆ပေါင်တင်း ၁၀၀ လျှင် ၁၃၈၀၀၀၀ ကျပ်၊နွေစပါးသစ် ၄၆ ပေါင်တင်း ၁၀၀ ကို ၁၂၈၈၀၀၀ ကျပ်သာရှိခဲ့ပါသဖြင့် စပါးဈေးအနည်းငယ် ကျဆင်းသွားပါကြောင်း စပါးကုန်သည် တစ်ဦးထံမှ သိရှိ ရပါသည်။

          ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ တစ်ပြည်လျှင် ၂၅၀၀ ကျပ်၊အဟောင်းတစ်ပြည် လျှင် ၃၀၀၀ ကျပ်၊ဆန်သစ်တစ်အိတ်လျှင် ၅၅၀၀၀မှ၆၀၀၀၀ ကျပ်၊အဟောင်းတစ်အိတ်လျှင် ၆၀၀၀၀ မှ၆၅၀၀၀ ကျပ်၊ကောက်ညှင်းဆန်တစ်အိတ်လျှင် ၉၀၀၀ ကျပ်၊ ရတနာတိုးတစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း