
မြိတ်မြို့၊ စည်ပင်သာယာဈေးကြီးတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရန်ကုန်မြို့ နှင့် ကော့ သောင်း မြို့မှ အသီးသီးဝင်ရောက်လျက်ရှိသော သစ်သီးဝလံများရှိကြောင်း သိရှိရပါသည်။
စက်တင်ဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ထောပတ်သီးတစ်လုံးလျှင် ကျပ် ၃၅၀၀၊နဂါးမောက်သီးတစ်လုံးလျှင် ကျပ် ၅၀၀၀၊ပန်းသီးတစ်လုံး လျှင် ကျပ် ၃၀၀၀၊ပန်းသီးစိမ်းတစ်လုံးလျှင် ကျပ် ၂၀၀၀၊စပျစ်သီးတစ်ကီလိုလျှင် ကျပ် ၁၅၀၀၀၊ မာလကာသီးတစ်လုံးလျှင် ကျပ် ၂၀၀၀၊လိမ္မော်သီးတစ်လုံးလျှင် ကျပ် ၂၀၀၀၊လိုင်ချီးသီး နို့ဆီဗူး တစ်ဗူးလျှင် ကျပ်၂၀၀၀၊သရက်သီး(ယိုးဒယားသီး)တစ်လုံးလျှင် ကျပ် ၂၅၀၀၊ပန်းသစ်တော်သီး တစ်လုံးလျှင် ကျပ် ၃၀၀၀ နှင့် ရှောက်ချိုသီးတစ်လုံးလျှင် ကျပ် ၃၅၀၀ ဖြင့် အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မြိတ်မြို့နယ် စည်ပင်သာယာဈေးကြီးတွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)