Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ ငါးသလောက်စျေးနှုန်းအခြေအနေ

       တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများတည်ရှိပြီး ပင်လယ်လုပ်ငန်းများဖြင့် အများဆုံး သက်မွေးဝမ်းကျောင်းပြုလုပ်သည့် တိုင်းဒေသကြီးလည်းဖြစ်ပါသည်။ ပင်လယ်ပြင်သို့ ငါးဖမ်းလှေ အကြီး/အငယ်များဖြင့် ငါး/ပုစွန်များ ဖမ်းယူပြီး ဒေသတွင်း ရောင်းဝယ်၊ စားသုံးကြသလို ပြည်ပသို့လည်းတင်ပို့ရောင်းချလျက်ရှိပါသည်။ အဆိုပါငါးဖမ်းလှေများမှ ဖမ်းဆီးရရှိသော ငါး/ပုစွန် များအနက် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်မှတစ်ဆင့် ထားဝယ်မြို့တွင် ရောင်းချလျက်ရှိ သော ငါးသလောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ကန်စွန်းဥ စျေးနှုန်း/စျေးကွက် အခြေအနေ

     ထားဝယ်မြို့နှင့် အနီးဝန်းကျင်ရွာများရှိ အိမ်ခြံမြေအလွတ်များရှိသည့်နေရာများ၊ စိုက်ခင်းများတွင် ပျိုးဘောင်များပြုလုပ်၍ တစ်နိုင်တစ်ပိုင် ကန်စွန်းဥများအား စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။  စိုက်ပျိုးထားသော ကန်စွန်းပင်များ သတ်မှတ်ရက်များ ပြည့်မီလာသည့်အချိန်တွင် ကန်စွန်းဥများအား တူးထုတ်ကာ ထွက်ရှိသော ကန်စွန်းဥများအား အိမ်စားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် ရောင်းချခြင်း၊ စီးပွားဖြစ် ရောင်းချခြင်းများဖြင့်လည်း မိသားစုဝင်ငွေရရှိကြပါသည်။ ယခု စက်တင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ကန်စွန်းဥစျေးနှုန်းများမှာ တစ်ပိဿာ လျှင် ၄၅၀၀/၅၀၀၀ ကျပ်ရှိပြီး ထားဝယ်မြို့ပေါ်တွင် အိမ်သုံးစားသုံးခြင်း၊  မုန့်လုပ်ငန်းများ ပြုလုပ်ခြင်းတွင် အသုံးပြုလျက်ရှိကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေး၊ ညနေစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင်ကုန်စိမ်းစျေးတို့ရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ချဥ်ပေါင်ရွက် စျေးနှုန်းအခြေအနေ

      ထားဝယ်မြို့နှင့်အနီးဝန်းကျင်ရွာများရှိ အိမ်ခြံမြေအလွတ်များရှိသည့်နေရာများတွင် တစ်နိုင် တစ်ပိုင် ချဥ်ပေါင်ပင်များ စိုက်ပျိုးကြသလို စိုက်ခင်းများဖြင့် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော ချဥ်ပေါင်ရွက်များအား အိမ်စားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် ရောင်းချခြင်း၊ စီးပွားဖြစ် ရောင်းချခြင်းများဖြင့်လည်း မိသားစုဝင်ငွေရရှိကြပါသည်။ ယခု စက်တင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ချဥ်ပေါင်ရွက်စျေးနှုန်းများမှာ ပုံမှန်အစည်း တစ်စည်းလျှင် ၄၀၀/၅၀၀ ကျပ်ခန့်ရှိ ကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေး၊ ညနေစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင် ကုန်စိမ်းစျေးတို့ရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကန်စွန်းရွက်စျေးနှုန်း/စျေးကွက်

     ကန်စွန်းရွက်သည် လူအများစားသုံးကြပြီး အဆိပ်အတောက်များကို ပြေပျောက်နိုင်စွမ်းရှိ သော ဆေးဖက်ဝင်အပင်တစ်မျိုး လည်းဖြစ်ပါသည်။ ယခုမိုးတွင်းကာလများတွင်  ကန်စွန်းရွက်များ သည်  ကောင်းစွာဖြစ်ထွန်း ပေါက်ရောက်လာကြပြီး   အလေ့ကျပေါက်ပင်များနှင့် စိုက်ပျိုးပင်များအား ဆွတ်ခူးရောင်းချလျက်ရှိရာ ရေကန်စွန်းနှင့်၊ မြေကန်စွန်း နှစ်မျိုးရှိပြီး ထားဝယ်မြို့၊ ကမ်းနားစျေးတွင် ကန်စွန်းရွက် တစ်စည်းလျှင် ၃၅၀/၄၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒေသတွင်း စားသုံးသူများနှင့် စားသောက်ဆိုင်ကြီးမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့၏ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဒေသထွက်ပျားရည်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင်  ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။

    ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး  အနံ့အရသာနှင့် ပြည့်စုံသော ကြောင့် ဒေသထွက် ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့်  အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည် ပုလင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်းသိရပါ သည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ် ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်း နှင့်ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းမှာ သင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် ရွှေဖရုံသီး()ပိဿာလျှင်  (၃၀၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

         

ကန့်ဘလူမြို့၏ ဝက်အူချောင်းဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါ သည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင်(၄၅၀၀၀) ကျပ်၊(၅၀)ကျပ်သားလျှင် (၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

မြန်မာ့ရိုးရာ အစားအစာမုန့်ပေါက်

      မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုး ရာမု့န်ပေါက်ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေ စားလေ့ရှိရာ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေး နှင့်ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ် သည်။          မုန့်ပေါက်တွင် အဖြူနှင့်အနီရှိပြီး မုန့်ပေါက်အနီမှာ ထန်းလျက်(အညို)အရည်နှင့်ပြုလုပ်ပြီး မုန့်ပေါက်အဖြူမှာ ထန်းလျက်(အဖြူ)အရည်တို့နှင့်ပြုလုပ်ကာ နှမ်းတို့ပါဝင်ပါသည်။ ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်းရောင်းချလျက်ရှိသော မုန့်ပေါက်အဖြူနှင့်အနီဈေး နှုန်းမှာ(၁)ခုလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ပေါက်သည် အာဟာရ ဖြစ်သောမုန့်တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့်  အရောင်းအဝယ် သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် မြင်းခွာရွက်ဈေးနှုန်း

      မြင်းခွာရွက်သည် အရွက်ခပ်ဖားဖား ယပ်တောင်လေးလိုပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက်ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာဆိုပြီးရှိပါသည်။ အနည်းငယ် ခါးသက်သက်ရှိပေမယ့် စားကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။မြင်းခွာရွက်သည် ကျန်းမားရေးကိုလည်း အထောက်အကူပြုသည့် အရွက်တစ်မျိုးဖြစ်ပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပြီး နေအိမ်များ တွင်လည်းမြင်းခွာရွက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိရန် ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိ သောမြင်းခွာရွက် ဈေးနှုန်းများမှာ မြင်းခွာရွက်()ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက် ()ပုံလျှင် (၈၀၀) ကျပ်၊ မြင်းခွာရွက်()ပုံလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း