Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နံနံပင်()စည်းလျှင်(၂၀၀)ကျပ်၊ () စည်းလျှင်(၅၀၀)ကျပ်၊ ()စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း()စည်းလျှင် (၂၀၀)ကျပ်၊ ပင်စိမ်း() စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင် မများဟင်းချက်ရာတွင်လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငှက်ပျောဖူးနှင့်ငှက်ပျောအူဈေးနှုန်း

     ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊ နောက်ဆုံးစွန့် ပစ္စည်းဖြစ်သည်အထိ အသုံးဝင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ ပေါ်နှင့် ဒေသအတွင်းကျေးရွာများတွင် မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပြီး ငှက်ပျောဖူးနှင့် ငှက်ပျောအူများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း၊ ငှက်ပျောဖူးများကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ငှက်ပျောအူများ ကိုမုန့်ဟင်းခါးရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူကြကြောင်း၊၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ငှက်ပျောဖူး (၁)ဖူးလျှင် (၈၀၀)ကျပ်နှင့် ငှက်ပျောအူအကြီး (၁)တုံးလျှင်(၁၀၀၀)ကျပ်၊ ငှက်ပျောအူအသေး(၁)တုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများ မှာသံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့် လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်သီး(အသေး)(၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ် အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော ဘိုစားပဲသီးဈေးနှုန်း များမှာ ဘိုစားပဲသီး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                               

မုံရွာမြို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ‌ချောင်းဈေးနှုန်းအခြေအနေ

      မုံရွာမြို့တွင် ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမအပတ်တွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၁၆၅၀၀၀၀၊ (၅)မူးတစ်တန် ကျပ်၁၅၅၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၁၉၀၀၀၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး (၃)မူးတစ်တန်  ကျပ်၁၇၅၀၀၀၀၊  (၅)မူးတစ်တန် ကျပ်၁၆၅၀၀၀၀၊ (၆)မူးတစ်တန် ကျပ် ၂၀၀၀၀၀၀  ဖြင့်အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်းသိရပါသည်။

     ‌ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းဈေးနှုန်းများကို ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမအပတ်နှင့် ၂၀၂၅ခုနှစ် စက်တင်ဘာလ ပထမအပတ်တို့ ဈေးနှုန်းများနှိုင်းယှဉ်ရာတွင် (၃)မူးတစ်တန်  ကျပ်(၁၀၀၀၀၀) ၊ (၅)မူးတစ်တန် ကျပ် (၁၀၀၀၀၀) ၊ (၆)မူးတစ်တန် ကျပ် (၁၀၀၀၀၀)တို့ဖြင့် ဈေးနှုန်းများ တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်နှင့် မုန်လာဥဖြူ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျှက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် မုန်လာဥဖြူများနှင့် ဆလပ်ရွက်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့် အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

     ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက် ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဆလပ်ရွက်အပင်ကြီး()ပင်လျှင် (၅၀၀)ကျပ်၊ အလတ်()ပင်လျှင် (၄၀၀)ကျပ်နှင့် အသေး()ပင် လျှင်(၃၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဆလပ်ရွက်မှာ အဝင်နည်းသည့်အတွက် အရောင်းသွက် လျက်ရှိကြောင်း၊ မုန်လာဥဖြူများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း စက်တင်ဘာလ ပထမပတ်အတွင်း မုန်လာဥဖြူ အကြီး()ဥပါတစ်တွဲလျှင် (၇၀၀)ကျပ်၊ မုန်လာဥဖြူ(အသေး)()ဥပါတစ်တွဲလျှင် (၅၀၀)ကျပ်တို့ ဖြင့်ရောင်းချကြောင်း၊ ရာသီပေါ်သီးနှံဖြစ်သည့်အတွက် မုန်လာဥဖြူများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဒေသထွက်နွားနို့များ ရောင်းချသူများ ဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေး ကျေးရွာ၊ နတ်အင်းကျေးရှိ ရွာတောင်သူဦးကြီးများသည် မိမိတို့ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် တစ်ပိုင်တစ်နိုင် ဒေသနွားနှင့် မေထုံနွားများ မွေးမြူ၍ နွားနို့များညှစ်ကာ မိသားစုစားဝတ် နေရေးအဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည် ။

    မေထုံနွားမတစ်ကောင်ကို တစ်နေ့နို့ပိဿာ(၇)ပိသာခန့်နှင့် ဒေသနွားမတစ်ကောင်းကို (၃)ပိဿာခန့် ထွတ်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ရောင်းချလျက်ရှိသော ဒေသထွက်နွားနို့(၁)လီတာ (၁)ဗူးလျင် (၁၅၀၀မှ ၂၀၀၀)ကျပ်၊ နို့စားနွားနို့(၁)လီတာ (၁)ဗူးလျင် (၁၃၀၀မှ ၁၇၀၀)ကျပ်တို့ဖြင့် ရောင်းချရပြီး လဖက်ရည်ဆိုင်များ၊ နွားနို့ကြိုက်နှစ်သက်သူများက နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း ဒေသထွက်နွားနို့ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့နယ်၌ နေ့စဉ်ဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံးပြုရကြောင်း သိရသည်။

       ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအ နည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရကြောင်း၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရကြောင်း၊ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရကြောင်း၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့် ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ မဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၀၀၀၀)ကျပ်၊ လက်ကားဈေး (၉၅၀၀၀) ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုပတ်အတွင်း ကောက်ရိုးမှို ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ စိုက်ပျိုးသူဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဒန့်ဒလွန်သီးနှင့် ဒန့်ဒလွန်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု စသည့်သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ဒန့်ဒလွန်ပင်ကို နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးနိုင်သည့်အတွက် စားစရာဟင်းတစ်ခွက် အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့် ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၁)စီးလျှင်(၅၀၀)ကျပ်၊ (၂)စီးလျှင်(၉၀၀)ကျပ်၊ ဒန့်ဒလွန်ရွက်(၁)စီးလျှင် (၃၀၀)ကျပ်နှင့် (၂)စီးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေးတွင် အနည်းငယ်မြင့်တက်လျက်ရှိသော အာလူးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး ()ပိဿာလျှင် (၇၀၀၀)ကျပ်၊ အလုံးသေး()ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော်ပြုလုပ်ရာ၌လည်းကောင်း၊ စမူဆာပြုလုပ်ရာ၌လည်းကောင်း  အသုံးပြုကြသည့်အတွက်  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း