Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၉၆၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၈၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၇၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၂၀၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၂၅.၉.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီမှာ ၂၃.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ်ကျပြီး မြင်းခြံကြက်သွန်နီဈေးနှုန်းမှာ ၂၃.၉.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးတည်ငြိမ် နေကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)