
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့တွင် သာပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ကော်မတီအဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ်(၁၁၃၀)အုပ် ပေးအပ်ခဲ့ပါသည်။
အဆိုပါစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချခြင်းနှင့် အလေးအချိန်မှန်ကန်မှုရှိစေရေး၊ အိမ်ထောင်စုဝင်တိုင်း စားသုံးဆီအပြည့်အဝရရှိစေရေး၊ ဆောင်ရွက်ခဲ့မှုအပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)