Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၄၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်း

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များ သို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်း ကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေ နှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

  အာလူးထွက်ရှိရာဒေသပြောင်းလဲမှုအနေအထားနှင့် လမ်းခရီးခက်ခဲမှု ရှိနေခြင်း စတင်ထွက် ရှိရာဒေသမှ အောင်ပန်းဈေးကွက်သို့ ပုံမှန်ဝင်ရောက်မှုမရှိခြင်း၊ သက်တမ်းနုအနေ အထားရှိနေသဖြင့် ဝယ်ယူခဲ့မှုများ လျော့ကျခဲ့သဖြင့် ဈေးနှုန်းမြင့်တက်မှု ရှိလာခဲ့ပါသည်။        

   ကုလားပဲ စိုက်ပျိုးရန်အတွက် မျိုးသုံးစွဲရန် အချိန်နီးကပ်လာမှုကြောင့် ကုန်ကြမ်းဈေးနှုန်းမြင့် တက်မှုရှိခဲ့ပြီး ကြိတ်ခွဲထုတ်လုပ်မှုတွင် လျော့ကျမှု ရှိခဲ့ပါသည်။ မိတ္ထီလာနှင့် ပျော်ဘွယ် တို့မှ ဝင်ရောက်မှုလျော့ကျခဲ့ပြီး မန္တလေးမှသာ ဝင်ရောက်မှုရှိခဲ့သဖြင့် ဈေးနှုန်းမြင့်တက်မှု အနည်းငယ်ရှိခဲ့ပါသည်။ ကြက်သွန်ဖြူစိုက်ပျိုးရန် နီးကပ်လာပြီး တောင်သူလက် ဝယ်ကျန်ရှိနေမှုများ ဈေးကွက်သို့ ဝင်ရောက်မှု အားကောင်းလာခဲ့ပြီး ဈေးနှုန်းနိမ့်ကျမှု ရှိခဲ့ပါသည်။ လက်ကားဈေးနှုန်းနိမ့်ကျလာမှုနှင့် အတူ လက်လီဈေးနှုန်းတွင်လည်း နိမ့်ကျမှုရှိလာပါသည်။ 

   ကြက်ဥဈေးနှုန်း/ဈေးကွက်အနေဖြင့် (ရှမ်း)တောင်မှ ဝင်ရောက်မှုအားကောင်းနေသည့်အပြင် ဒေသတွင်းထွက်ရှိမှုတွင်လည်း ပိုမိုအားကောင်းခဲ့သည်ဟု သိရှိခဲ့ရပါသည်။ ကြက်ဥဝင် ရောက်မှု အားကောင်းခဲ့သည်နှင့်အတူ ဈေးနှုန်းလျော့ကျမှု ရှိလာခဲ့ပါသည်။ ဘဲဥဝင် ရောက်မှုတွင်လည်း ပုံမှန် ရှိနေပြီး ဒေသတွင်းသုံးစွဲမှု လျော့နည်းခဲ့သဖြင့် ဈေးနှုန်းနိမ့်ကျမှု ရှိလာပါသည်။

 DOCA(နေပြည်တော်)

မုံရွာမြို့ရှိ ဩဇာသီးနှင့်မာလကာသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် မာလကာသီးပင်၊ ဩဇာသီးပင်၊ ဂွေးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပါသည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ  ဩဇာသီးနှင့် မာလကာသီးမျာကို မုံရွာ မြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင်  လာရောက်ရောင်းချ လျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၈၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း၊  ကီလိုမာလကာသီးဈေးနှုန်းများအနေဖြင့် အကြီး တစ်လုံးလျှင် (၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူ တည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းမှုအခြေအနေ

  ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းလာမှုများကို တွေ့ရှိလာရပြီး၊ အောက်တိုဘာလ(၁၅)ရက်နောက်ပိုင်းတွင် ဖြိုင်ဖြိုင်ရိတ်သိမ်းလာနိုင်မည့် အနေအထားများရှိနေပါ သည်။ မိုးရွာသွန်းမှုအားကောင်းနေလျှင် တောင်သူများအနေဖြင့် ရိတ်သိမ်းရန်ရက်ရွှေ့ဆိုင်းမှုများ ရှိလာနိုင်ပါသည်။ လက်ရှိရိတ်သိမ်းနေမှုများအား ဝယ်ယူမှုတွင် အခြောက်ခံစက်ရှိ ဆန်စက်ကြီးများ မှ ဝယ်ယူနေမှုကို တွေ့ရပါသည်။ စပါးသိုလှောင်သူများအနေဖြင့် ဝယ်ယူမှုမရှိသေးသည်ကို သိရှိရပါ သည်။ ဆန်စက်ကြီးများမှဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်သို့တင်ပို့မှုရှိနေသည်ကို သိရှိရပါ သည်။ မိုးစပါးသစ် ကြိတ်ခွဲတင်ပို့မှုနှင့်အတူ နွေစပါးကြိတ်ခွဲမှုများပါ တွေ့ရှိလာရပြီး၊ ရန်ကုန်ဈေး ကွက်သို့ တင်ပို့မှုရှိခဲ့သည်ဟု သိရှိရပါသည်။

          စပါးဈေးနှုန်းဖြစ်ပေါ်မှုတွင် မိုးစပါးသစ် မနောသုခ အစို(၁၅)ပိဿာ တစ်တင်းလျှင် ကွင်းဈေး (၁၂၅၀၀)ကျပ်ရှိနေပြီး၊ အခြားကုန်ကျစရိတ်များနှင့် ပေါင်းလျှင် တစ်တင်းကုန်ကျစရိတ် (၁၄၅၀၀) ကျပ်ခန့်ရှိနေသည်ဟု သိရပါသည်။ တောင်သူလက်ဝယ်ကျန်ရှိနေသော မိုးစပါး(ဟောင်း)များ ဝယ် ယူရာတွင် အရည်အသွေးကောင်း မနောသုခစပါး (၁၄)ပိဿာ တစ်တင်းလျှင် (၂၀၀၀၀)ကျပ် ရှိနေ သည်ကို သိရှိရပါသည်။

 DOCA(နေပြည်တော်)

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

          ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၁၀)ကျပ်၊ 95 Octance(၃၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၇၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၂၉.၉.၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ်ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာ လျှင် 92 Octanceတွင် (၃၀)ကျပ်၊ 95 Octance တွင်(၁၀)ကျပ်နှင့် ရိုးရိုးဒီဇယ်တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အညာဒေသရာသီစာ သီးသီးနှင့် ‌ဂွေးချိုသီးဈေးနှုန်း

         သီးသီးပင်နှင့် ‌ဂွေးချိုသီးပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး အညာဒေသတွင် အများဆုံးပေါက်ရောက်လေ့ရှိ သည်ကိုတွေ့ရပါသည်။ သီးသီးနှင့် ဂွေးချိုသီးကို သားရေ စာအဖြစ်အလည်းကောင်း၊အချဥ်ပေါင်းသည်များမှ ဝယ်ယူရောင်း‌ချလျက်ရှိသောကြောင့်အပိုဝင် ငွေရရှိ နေကြောင်း သတင်းရရှိပါသည်။ ၂၀၂၅ခုနစ်၊ စက်တင်ဘာလတတိယပတ် တွင်ရောင်းချ လျက်ရှိသော သီးသီးဈေးနှုန်းမှာ(၁) လုံးလျှင် (၅၀)ကျပ်နှုန်း ဖြင့် လည်းကောင်း၊ (၅) လုံးလျှင် (၂၀၀)ကျပ်နှုန်း ဖြင့်လည်း ကောင်းရောင်းချလျက်ရှိပြီး၊ ဂွေးချိုသီး (၃)လုံးလျှင် (၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

   

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့်ရှောက်ပန်းသီးဈေးနှုန်း

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေး အရ ဆေးဖက်ဝင်အဖြစ် သောက်သုံးကြပါသည်။

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် အောက်တိုဘာလ ပထမပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီး အနု/အရင့်၊  အကြီး/ အသေးပေါ်         မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၂၀၀)ကျပ်အထိလည်း‌ကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၂၀၀)ကျပ်မှ (၂၆၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်း‌ဘေး တစ်လျောက်တွင်  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

    သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် အောက်တိုဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန် စီးထွက်ခဲ့ပါသည်။ ယခုအောက်တိုဘာလ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ယခင်လ စတုတ္ထအပတ်နှင့် နှိုင်းယှဥ်ပါက အနည်းငယ်လျော့၍ စီးထွက်ခဲ့ပါသည်။

သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ စတုတ္ထအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၈၃) တန်ခန့်စီးဝင်ခဲ့ပြီး ယခုအောက်တိုဘာလ၏ ပထမအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်စတုတ္ထအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

    သထုံခရိုင်အတွင်း၌ ယခုအောက်တိုဘာလ၏ ပထမအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၅၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၀၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၀၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၅၀၀၀ိ/-) ခန့်၊   ကမာကြည် (၆၆၀၀၀ိ/-) ခန့်၊ ဧည့်မထ (၄၉၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကန်သာယာဈေးတွင်ရောင်းချလျက်ရှိသော ဟင်းနုနွယ်ရွက်နှင့် ဂွေးတောက်ရွက်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိစိုက်ပျိုးရေးသမားများက စားဖိုဆောင်သီးနှံများကို တစ်ပိုင် တစ်နိုင်ဖြင့်လည်ကောင်း၊စီးပွားဖြစ်လည်ကောင်းစိုက်ပျိုးရောင်းချလျက်ရှိပါသည်။၂၀၂၅ခုနစ်၊စက်တင်ဘာလနောက်ဆုံးပတ်တွင် ကန်သာယာဈေး၌ ရောင်းချလျက်ရှိသော ဟင်းနုနွယ်ရွက်ဈေးနှုန်းမှာ ၅ ကျပ်သားလျှင် ၅၀၀ကျပ်ဖြင့်လည်းကောင်း၊ ၁၀ ကျပ်သားလျှင် ၁၀၀၀ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိ ကြောင်း သိရပါသည်။ ဂွေးတောက်ရွက်ဈေးနှုန်းမှာ ၂၅ ကျပ်သားလျှင် ၅၀၀ ကျပ်ဖြင့်လည်ကောင်း၊ ၅၀ ကျပ်သားလျှင် ၁၀၀၀ ကျပ်ဖြင့်လည်ကောင်း ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း