Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော တည်သီးနှင့် ထောပတ်သီးဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ တည်သီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

     တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍ကာ  သရေစာ အဖြစ်လည်းစားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း တည်သီး ဈေးနှုန်းမှာ တည်သီးအကြီး(၁)လုံးလျှင်(၁၇၀၀)ကျပ်နှင့် တည်သီး(၆)လုံးလျှင်(၁၀၀၀၀)ကျပ် ၊အသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီးအကြီး(၁)လုံးလျှင် (၁၃၀၀)ကျပ်၊ (၄)လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်(၁)လုံးလျှင်(၁၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၇၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)