Main menu

ထားဝယ်မြို့ရှိ ခရမ်းချဉ်သီး စျေးနှုန်း

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် အရောင်းအဝယ်ကောင်းလျက်ရှိပြီး တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် စျေးကွက်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ စျေးကောင်းရရှိကာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း၊ ယခုအခါ ထားဝယ်မြို့‌စျေးကွက်အတွင်း နိုဝင်ဘာလဒုတိယအပတ်တွင် ခရမ်းချဉ်သီးစျေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)