
နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူတည် ၍ စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေး ရှိခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊ ကမ်းနားလမ်းရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့်အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျှက်ရှိသော ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ကျပ်နှင့်၆၀၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလဒုတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ် ပိသာ လျှင် ၂၀၀ ကျပ်နှင့် ၅၀၀ ကျပ်အကြားကွာခြားမှုရှိပြီး၊စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရ ပါသည်။
DOCA(မန္တလေး)
