စျေးကွက်အတွင်းမြေပဲစျေးမှာ ပြောင်းလဲမှုအနည်းငယ်သာရှိပြီး၊ယခင်နှစ်စျေးနှင့်နှိုင်းယှဉ် ပါက စျေးနှင့်နှိုင်းယှဉ်ပါက ယခုနှစ်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။ မြေပဲမှာ စားသုံးဆီကြိတ် ခွဲခြင်းလုပ်ငန်းများနှင့်စားသောက်ကုန်တို့တွင် အသုံးပြုခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက် နှင့် ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက်နှုန်း ၄၆.၇၇ တင်း၊ အထွက် စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပေါက် စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန် ၇၇၀၀ ကျပ် နှင့်၇၈၀၀ကျပ်၊ S1ရွေးဆန် ၇၇၅၀ကျပ်၊Mတွဲလုံးဆန် ၈၄၀၀ ကျပ်နှင့် ၈၄၅၀ကျပ်၊အနီလုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၄၀၀ကျပ်၊ပြန့်ဆီဆန် ၇၆၀၀ကျပ်နှင့် ၈၀၀၀ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခင် နှစ် ကာလတူ တစ်ပိဿာစျေးမှာ S1 လုံးဆန် ၈၂၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊S1 လုံးဆန်(မြင်းမူ)၈၃၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန် ၇၉၀၀ကျပ်နှင့် ၈၀၀၀ ကျပ်၊S1 ရွေးဆန် ၈၀၀၀ကျပ်နှင့် ၈၁၀၀ကျပ်၊ အနီလုံးဆန် ၈၀၀၀ကျပ်နှင့်၈၁၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်နှင့် ယခုနှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မြေပဲဆန်စျေးမှာ စျေးအနည်းငယ်သာကွာခြားမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
