Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မုံရွာမြို့နယ်ဒေသအတွင်း စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုး လုပ်ကိုင်ရာတွင် ရာသီစာဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် ၊ ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာ    ငှက်ပျောတစ်ဖီးလျှင် (၂၅၀၀-၃၈၀၀) ကျပ် ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ဈေးကွက်အတွင်း ရောင်းချနေသော ကျန်းမာရေးဓါတ်စာ ရဲယိုသီး ဈေးနှုန်း

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် အခြားသစ်သီးဝလံများ များစွာရောင်းချသည့်အထဲမှ ရဲယိုသီးများလည်း ရောင်းချနေကြောင်း တွေ့ရှိရပါသည်။  မြန်မာနိုင်ငံတွင် ရဲယိုပင်များကို နေရာအနှံ့တွင် ကျယ်ပြန့်စွာပေါက်ရောက်ကြောင်းသိရသည်။ ရဲယိုသီးများသည် အသီးပုံစံအနေနှင့်လည်း ရုပ်ဆိုးတဲ့အပြင် အနံ့အရသာကလည်း အတော်လေး နှစ်လိုဖွယ်မရှိသော အသီးမျိုးဖြစ်ပါသည်။ “လှတာမက်ရင် ညစာခက်မည်” ဆိုတဲ့ စကားအရ ပုံစံခပ်ဆိုဆိုးရှိတဲ့ ရဲယိုသီးဟာ ကျန်းမာရေးအတွက်တော့ များစွာအထောက်အကူပြုကြောင်း သိရှိရပါသည်။ ရဲယိုပင်တွင် အပွင့်၊ အသီး၊ အရွက်၊ အခက်၊ ပင်စည်၊ အခေါက်၊ အမြစ်မကျန် တစ်ပင်လုံး ဆေးဖက်ဝင် အပင်ဖြစ်ကြောင်း သိရှိရပါသည်။

    ရဲယိုသီးကို ကျန်းမာရေးအတွက် စားချင်သော်လည်း ရဲယိုသီးရဲ့ အနံ့အရသာကြောင့် မစားနိုင်မှာ စိုးရိမ်နေသူ များအတွက် ရဲယိုသီးကို ထန်းလျက်နဲ့သော်လည်းကောင်း၊ ပျားရည်နဲ့သော်လည်းကောင်းရောပြီး ယိုထိုးကာ စားသုံး နိုင်ပါတယ်။ ယခုလို ခေတ်မီတိုးတက်လာသောကြောင့် ရဲယိုသီးကို အသုံးပြုပြီး ဖေါ်စပ်ထားသော အဝင်မဆိုးသည့် ဆေးဝါးဓါတ်စာများလည်း ပေါ်နေပြီဖြစ်တဲ့အတွက် ထိုဆေးဝါးဓါတ်စာများကို စားသုံးပါကလည်း ရဲယိုသီးကို စားသလို အကျိုးများစေကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်တွင်း ရောင်းချနေသော ရဲယိုသီးဈေးနှုန်းများမှာ ရဲယိုသီးအလုံးကြီး တစ်လုံးလျှင် (၃၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  မိသားစုစားဝတ်နေရေးအတွက် ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ကြိတ်ခေါက်ဆွဲများကို မုံရွာမြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ ကြိတ်ခေါက်ဆွဲရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

         ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲ ဈေးနှုန်းများမှာ (၂၅)ကျပ်သား လျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ (၁)ပိဿာ လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြိတ်ခေါက်ဆွဲ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အာလူးသီးနှင့် ခရမ်းချဉ်သီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  အာလူးသီးနှင့် ခရမ်းချဉ်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့်အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည် ရေဆေး၍အလုံးလိုက်ပင် စားသုံး တတ်ကြပါသည်။   

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  အာလူးသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၂၀၀)ကျပ်နှင့်(၃၈၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် ဈေးနှုန်း

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာဈေးအတွင်း ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် အများအပြား ရောင်းချလျက်ရှိကြပါသည်။ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်၊ ကန်စွန်းရွက် ဈေးနှုန်းမှာ (၃၀၀-၅၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်မြို့တွင် ဂျင်း(ချင်း)တက်နှင့် ဓါးလှီးဂျင်း ဈေးနှုန်းမြင့်တက်လာ

       ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဓါးလှီးဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသည့်  ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ပြည်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ဓါးလှီးဂျင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ ဓါးလှီဂျင်းဈေးနှုန်းမှာ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် လက္ကားတစ်ပိဿာ လျှင် (၅၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဂျင်းတက်(၁)ပိဿာလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း ဂျင်းတက်ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(ပဲခူး)

မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးကို မိမိတို့‌ဒေသတွင်း ထွက်ရှိသည့်သီးနှံများကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

               ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ရွှေဖရုံသီး ဈေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၈၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်   (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီး ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးနှင့် ကဗလာသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ် ၊  ကဗလာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၅၀၀) ကျပ် နှုန်းဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး  ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်း

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသည် ဟင်းသီးဟင်းရွက်များ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် ကုန်စိမ်းဒိုင်ဖြစ်သကဲ့သို့ ဟင်းသီးဟင်းရွက်များသည် ယခင်ဩဂုတ်လနှင့် ယခု စက်တင်ဘာလ(ဒုတိယ)ပတ်အထိ ဈေးကောင်း ရရှိနေကြောင်း ရောင်းချသည့်ဈေးသည်များ၏ ပြောကြားချက် အရ ထိုင်ဝမ်ကန်းစွန်းရွက် (၁) စီးလျှင်၂၅၀ ကျပ်၊ (၁၀) စီးလျှင် ၁၈၀၀ ကျပ် ၊ တရုတ်ကန်းစွန်းရွက် (၁)စီးလျှင် ၂၀၀ ကျပ်၊ (၁၀) စီးလျှင် ၁၆၀၀ ကျပ်၊ ဝက်စာကန်စွန်းရွက် (၁) ထုံးလျှင် အစီး (၅) စီးပါပြီး ၆၀၀ ကျပ်၊  ချဉ်ပေါင် (၁) စီးလျှင် ၁၅၀ ကျပ် ၊ (၁၀) စီးလျှင် ၁၂၀၀ ကျပ် ၊ ဟင်းနုနွယ် (၁) စီးလျှင် ၃၀၀ ကျပ် ၊ (၁၀) စီးလျှင် ၂၅၀၀ ကျပ် ၊ မြင်းခွာရွက် (၁) ကဒ်လျှင် ၂၀၀ ကျပ်ရှိပြီး (၁) ကဒ်တွင် အစီးသေးလေး (၅) စီးပါရှိပြီး မြင်းခွာရွက်ကဒ် (၁၀) ကဒ်ယူပါက ၁၆၀၀ ကျပ်ရှိပြီး ၊ မုံညင်းဖြူ (၁) စီးလျှင် ၃၀၀ ကျပ် ၊(၁၀) စီးလျှင် ၂၆၀၀ ကျပ်၊ ချဉ်ဖတ် စိမ်ရန်နှင့် အချဉ်ဟင်းချက်စားရာတွင် အသုံးပြုသော မုံလာကုံးသည် ပေါ်ဦးပေါ်စဖြစ်သည့်အတွက် ၁ ကုံးလျှင် ၅၀၀ ကျပ်၊ ၁၀ ကုံးယူလျှင်  ၄၅၀၀ ကျပ်သာပေးရကြောင်း ကုန်စိမ်းရောင်းချသည့်ဈေးသည်များထံမှ သိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း