Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်သွန်မြိတ်၊ မြင်းခွာရွက်နှင့် စပါးလင်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

     ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကြက်သွန်မြိတ်၊မြင်းခွာရွက်နှင့် စပါးလင်ပင်များကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်မြိတ်၊ မြင်းခွာရွက်နှင့် စပါးလင်ပင်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကြက်သွန်မြိတ်(၁)စည်းလျှင် (၅၀၀)ကျပ်၊ (၃)စည်းလျှင်(၁၃၀၀)ကျပ်၊ မြင်းခွာရွက် (၁)ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက်(၂)ပုံလျှင်(၈၀၀)ကျပ်၊ မြင်းခွာရွက်(၄)ပုံလျှင် (၁၅၀၀)ကျပ်၊ စပါးလင်(၁)ပင်လျှင် (၂၀၀)ကျပ်၊ (၃)ပင်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်မြိတ်နှင့်မြင်းခွာရွက်ကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင်ဖြစ်လည်းကောင်း၊စားသောက်ဆိုင်များ၌ ငါးကင်၊ ငါးပေါင်းများ ပြုလုပ်ရာတွင်လည်းကောင်း၊ မုန့်ဟင်းခါးချက်ရာတွင်လည်းစပါးလင်ကိုထည့်သွင်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရာသီပေါ်ဈေးကောင်းရသည့် ကျွဲခေါင်းသီး၊ ပိန်းဥ နှင် ကန်စွန်းဥဈေးနှုန်းဈေးကွက်

   ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်ဈေးကောင်းရနေသည့် ကျွဲခေါင်းသီး၊ ပိန်းဥနှင့် ကန်စွန်းဥကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း ၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ကျွဲခေါင်းသီးမှာ ချို၍ စိမ့်သော အရဿာရှိသဖြင့် ပို၍ ရောင်းအားကောင်းကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (တတိယ)ပတ်တွင် ဖြစ် ပေါ်နေသော ကျွဲခေါင်းသီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ် ၊ ပိန်းဉဈေးနှုန်းမှာ (၁) ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် နှင့် ကန်စွန်းဉဈေးနှုန်းမှာ (၁)ပိဿာလျှင် (၃၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“ ခရမ်းချဉ်သီးဈေးမြင့်လာ ”

            မိတ္ထီလာမြို့၊ မြို့မဈေးကြီးတွင် နိုဝင်ဘာလတတိယပတ်၌ ခရမ်းချဉ်သီးဈေးများ မြင့်တက် လာကြောင်းသိရသည်။ ခရမ်းချဉ်သီးမှာ ဒေသထွက်ခရမ်းချဉ်သီးများအဝင်နည်းလာခြင်းကြောင့် ဗမာသီးမှာ သိသိသာသာဈေးမြင့်လာပြီး၊ ထိုင်ဝမ်သီးမှာလည်း အနည်းငယ်ဈေးပိုလာပါသည်။ ဈေးကွက်သို့ မောက်တိုဘာလမှစ၍ ဒေသထွက်ခရမ်းချဉ်သီးများပါ ဝင်ရောက်လာရာ ဈေးကွက်သို့ အဝင်လှိုင်ခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ပါသည်။ ယခုအခါ ဒေသထွက်ခရမ်းချဉ်များတွင် ဗမာခရမ်း ချဉ်သီး အနည်းငယ်တင်ရောက်မှုရှိပြီး ထိုင်ဝမ်သီးမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်မှုရှိသည့် အတွက် ဈေးမြင့်လာကြောင်းသိရသည်။ ခရမ်းချဉ်သီးဈေးမှာ တစ်ပိဿာလျှင် ယခင်တစ်ပတ်က ဗမာ ခရမ်းချဉ်မှာ (၅၀၀၀-၆၀၀၀) ကျပ်၊ ထိုင်ဝမ်သီးမှာ (၁၅၀၀-၂၀၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ဗမာခရမ်းချဉ်သီးမှာ (၇၀၀၀) ကျပ်၊ ထိုင်ဝမ်သီးမှာ (၂၀၀၀-၂၅၀၀) ကျပ် ဈေးရှိကြောင်း ဈေးကွက်မှ သီရသည်။

DOCA(မန္တ‌လေး)       

လူကြိုက်များသည့် ရွှေပန်းငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဘုရားပန်းအမျိုးမျိုး ဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ ဇွန်ပန်း၊ သပြေပန်းအငုတ်၊ သပြေပန်း အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှမှာယူ ရောင်းချကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ရွှေပန်း၊ ငွေပန်း၊ ပိန်းပန်းနှင့် ပိန်းပင်ဈေးနှုန်းများမှာ နဂါးမောက်ပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ (၄)ပွင့်လျှင်(၂၀၀၀)ကျပ်၊ နဂါး မောက်ပိန်း(၁)ပင်လျှင် (၇၀၀၀)ကျပ်၊ ယိုးဒယားပိန်းပန်း(၁)ပွင့်လျှင် (၅၀၀)ကျပ်၊ ယိုးဒယားပိန်း (၁)ပင်လျှင် (၁၅၀၀၀)ကျပ်နှင့် ဗမာပိန်းပန်း(၁)ပွင့်လျှင် (၃၀၀)ကျပ်၊ ဗမာပိန်း(၁)ပင်လျှင် (၅၀၀) ကျပ်၊ ရွှေပန်း(၄)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၁၁)ကုံးလျှင်(၁၀၀၀)ကျပ်၊ ငွေပန်း(၅)ပွင့်ပါ တစ်ကုံးလျှင်(၁၀၀)ကျပ်၊ (၆)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းပျိုးပင်မျိုးစုံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                               

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ နာနတ်သီးနှင့် ဇီးချိုသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဇီးသီးတို့ကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့တို့မှ ဝယ်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီးဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၅၂၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၇၀၀)ကျပ်၊  ဇီးသီး(၁)ထုပ် လျှင် (၃၀၀၀)ကျပ်နှင့် (၃)ထုပ်လျှင် (၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု နိုဝင်ဘာ လဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နာနတ်သီးတစ်လုံးလျှင် (၃၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ် သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ ပန်းသစ်တော်သီးများနှင့် သခွားမွှေးသီးများ ရောင်းချလျက်ရှိပြီး ရွှေသခွားမွှေးသီးနှင့် ကျောက်သခွားမွှေးသီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံ များမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ရွှေသခွားမွှေးသီး အကြီး(၁)လုံးလျှင်(၇၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၀၀၀)ကျပ်နှင့် ကျောက် သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင်(၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကျောက်သခွားမွှေးသီး (၁)လုံးလျှင်(၄၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးရောင်းချသူ များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေး၌ ဈေးနှုန်းကျဆင်းလာသည့် မန်ကျည်းသီးမှည့်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၆၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ သစ်သီးဈေးကွက်ရှိ ကျောက်စိမ်းဖရဲသီးနှင့် နဂါးမောက်သီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရပြီး နဂါးမောက်သီးမှာ ဒေသတွင်းမှ ဝယ်ယူရကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

     ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဖရဲသီး အကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် ဖရဲသီးတစ်စိတ်လျှင် (၁၀၀၀)ကျပ်၊ နဂါးမောက်သီးအသေး(၁)လုံးလျှင် (၁၂၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နဂါးမောက်သီး(၁)လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း သစ်သီး ရောင်းချသူဒေါ်တုတ်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသစ်တော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိသစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက် ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသစ် တော်သီးအကြီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ (၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းသီး(၃)လုံးလျှင်(၅၀၀၀)ကျပ်၊(၅)လုံးလျှင်(၁၀၀၀၀)ကျပ်နှင့် ယိုးဒယား ပန်းသီး(၁)လုံးလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း ပန်းသီးနှင့် ပန်းသစ်တော်သီးများ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ရာသီစာ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲစိုနှင့် ပဲစာဥ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

      ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများစိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျား ထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ နိုဝင်ဘာလ တတိယပတ်အတွင်း ထောပတ်ပဲစို(၁) ပြည်လျှင်(၁၀၀၀၀)ကျပ်၊ ထောပတ်ပဲနို့ဆီဘူး(၁)ဗူးလျှင် (၁၃၀၀)ကျပ်၊ ပဲစာဥစိုနို့ဆီဘူး(၁)လျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ် ပါကတတိယပတ်အတွင်း ထောပတ်ပဲစို(၁)ပြည်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်း၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း