Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်း စိုက်တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင် တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။ ဥစားပိန်းပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပိန်းပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင် လေထွက် ကောင်းရန် ဂရုစိုက်ရပြီး ရက်(၈၀) ခန့်အကြာတွင် စတင်၍ ဥများတူးဖော်ကာ ရောင်းချ ရကြောင်း ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှ ဥစားပိန်းစိုက် တောင်သူတစ်ဦးကပြောသည်။ ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် (၇၀၀၀) ကျပ် ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

DOCA (မွန်)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး၊ မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို မန္တလေးမြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ (၂)လုံးလျှင်(၈၀၀)ကျပ်၊ (၄)လုံးလျှင် (၁၅၀၀)ကျပ်၊ ဘိုစားပဲသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းအနည်းငယ်ကျဆင်းလာသော ခါကြက်ဥဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥတွင်ခါကြက်ဥရိုးရိုး(ဗမာ)ဥနှင့် ခါကြက်ဥ(တရုတ်)ဥဟူ၍နှစ်မျိုးရှိကြောင်း၊ ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ခါကြက်ဥ(ဗမာ)(၁)ပိ ဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊(၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်စက်တင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ် ပါကခါကြက်ဥ (တရုတ်)(၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

     ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octane(၃၀၉၀)ကျပ်၊ 95 Octane(၃၁၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၂-၉-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

     ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီ များကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octane(၃၀၆၅)ကျပ်၊ 95 Octane(၃၁၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၂၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၁၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ၁၂-၉-၂၀၂၅ ရက်  နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၂-၉-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

    ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octane(၃၀၇၀)ကျပ်၊ 95 Octane(၃၁၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၃၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၄၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

     နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octane(၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၈၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

       စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ၁၂-၉-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

 

                                                                                                         

 

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော မုန့်တီပင် ဈေးနှုန်းများ

            ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ ရောင်းချလျက်ရှိရာ သရေစာတစ်မျိုးဖြစ်သည့် မုန့်တီများကိုလည်း ရောင်းချလျက်ရှိပါသည်။ မုန့်တီလုပ်ငန်းကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ်လုပ်ကိုင်ကြကြောင်း၊ မုန့်တီကို မုန့်တီဖိုများမှ ရောင်းချသည့်အပြင် ပြန်လည်ရောင်းချသည့် ဈေးသည်များမှာ မုန့်တီဖိုမှမှာယူ၍ ရောင်းချကြကြောင်း၊ မုန့်တီတွင် နန်းလုံး၊ နန်းလတ်၊ နန်းပြားနှင့် နန်းသေးဟူ၍ အမျိုးမျိုးရှိကြောင်း၊ နန်းသေးကို မုန့်ဟင်းခါးအဖတ်အဖြင့်အသုံးပြုကြောင်း၊ မုန့်တီကို ရွှေဘိုမြို့အပြင် အခြားကျေးရွာများမှလည်း ဝယ်ယူကြကြောင်း၊ မုန့်တီကို မုန့်တီ/ မုန့်ဟင်းခါးရောင်းချသူများနှင့် အလှူအတန်း၊ ဆွမ်းကပ်ပွဲများ လှူဒါန်းရန်အတွက် မုန့်တီဖိုမှမှာယူ၍ ဝယ်ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော မုန့်တီဈေးနှုန်းများမှာ (၂၅)ကျပ် သားလျှင် (၅၀ဝိ/-)ကျပ်၊ (၁)ပိဿာဝယ်ယူလျှင် (၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်များကို စိုက်ပျိုးကြကြောင်း၊ မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်ပင်များကို ကန့်ဘလူ မြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း မြင်းခွာရွက် (၁)ပုံလျှင်(၅၀၀)ကျပ်၊ မြင်းခွာရွက်(၂)ပုံလျှင် (၈၀၀)ကျပ်၊ မြင်းခွာရွက်(၄)ပုံလျှင် (၁၅၀၀)ကျပ် ၊ကြက်သွန်မြိတ် (၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြင်းခွာရွက်နှင့် ကြက်သွန်မြိတ်ကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များတွင်လည်းကောင်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

     တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ(၁၂)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octane(၃၁၃၅)ကျပ်၊ 95 Octane(၃၁၃၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၉၀) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၈၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ၁၂-၉-၂၀၂၅ ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octane (၃၀၃၅)ကျပ်၊ 95 Octane(၃၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၉၀)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၈၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း