
ရွှေတောင်မြို့ မီးလောင်အုပ်စု အင်္ဂလိုင်ဂန်ကျေးရွာရှိ တောင်သူဦးမျိုးဝင်း၏ ပန်းဂေါ်ဖီစိုက်ခင်းသို့ (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ ကျောက်စိမ်းမျိုးဖြစ်သော ပန်းဂေါ်ဖီမျိုးများကို တော်သလင်းလတွင် စတင် စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် ပန်းဂေါ်ဖီများကို ခူးဆွတ်ရောင်းချရပါသည်။ စိုက်ဧကမှာ တစ်ယောက်စိုက်ရှိပြီး အပင်ရေ ၄၅၀၀ ခန့်ရှိပါသည်။ ပန်းဂေါ်ဖီများကို တစ်ခါခူးဆွတ်လျှင် အပွင့် ၃၀၀ ကျော် ခူးဆွတ်ရပြီး ၂ ရက်ခြား တစ်ခါ ခူးဆွတ်ရပါသည်။ တစ်ယောက်စိုက် စိုက်ခင်းမှ ပန်းဂေါ်ဖီများကို ၁၀ ကြိမ်သာ ခူးဆွတ်ရပါသည်။ ပေါ်ခါစတွင် ဈေးကောင်းရ၍ တစ်ပွင့်ကို တစ်ထောင်ကျပ်နှုန်းဖြင့် ဖော်သည်ပေးရပြီး လှိုင်လှိုင်ပေါ်ချိန် တွင် တစ်ပွင့်ကို ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေပါသည်။ ပွဲစားများမှ လာရောက်ကောက်ယူပြီး တခြား မြို့များနှင့် မြို့တွင်းတွင် ပြန်လည်ရောင်းချရပါသည်။ ကုန်ကျစရိတ်မှာ ၅သိန်းခန့်ရှိပြီး အကျိုးအမြတ်မှာ ဈေးနှုန်းအတက် အကျပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
