
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှန်းများမှာ ယခင်အောက်တိုဘာလတွင် ရောင်းဝယ် ခဲ့သော ဈေးနှန်းထက် ယခုနိုဝင်ဘာလတွင် ဈေးကျနေသည်ကို တွေ့ရှိရပါသည်။
ယခင်အောက်တိုဘာလ စတုတ္ထပါတ်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်း မှာ ပိဿာ(၂၀) တစ်တင်းလျှင်ကျပ် (၈၅၅၀၀ မှ ၈၃၅၀၀)နှုန်းဖြင့် ဈေးပိတ်ခဲ့ပါသည်။
ယခုနိုဝင်ဘာလ ပထမပါတ် အဖွင့်ဈေးမှာ ကျပ်(၈၃၅၀၀ မှ ၈၃၀၀၀) နှုန်းအထိ ဈေးအကျဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ဒုတိယပါတ် ဈေးနှန်းမှာ ဆက်လက် ကျဆင်းလျှက်ရှိပြီး ကျပ်(၈၃၀၀၀ မှ ၈၂၀၀၀) နှုန်း အထိ ဈေးအကျဖြင့် ရောင်းဝယ်နေသည်ကို တွေ့ရှိရပါသည်။
ယခုတတိယပါတ်တွင် အရောင်းအဝယ် ဖြစ်နေသော ဈေးနှန်းမှာ အနည်းငယ်သာ ဈေးတက်ပြီး ပိဿာ(၂၀)တင်းကို ကျပ်(၈၂၀၀၀ မှ ၈၂၅၀၀)နှုန်း ဖြင့်သာအရောင်းအဝယ် ဖြစ်ကြောင်းသိရှိရပါသည်။
ပွဲရုံများမှ တင်ပို့ရောင်းချမှု့ အခြေအနေမှာ ပွဲရုံရှိ လှောင်ပဲများကိုသာ တင်ပို့နေရကြောင်း ပွဲရုံထံမှ လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)
