Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချနေသော  နွားနို့၊ နွားနို့ခဲ နှင့် ဒိန်ချဉ် ဈေးနှုန်း

     ကျွန်းလှမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ပြီး နွားနို့ရောင်းချနေသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ နဂါးမောက်သီး နှင့် သင်္ဘောသီးမှည့် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိ ရာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင်၊ သင်္ဘောသီး မှည့် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၂၀၀၀)ကျပ်၊  အသေး တစ်လုံးလျှင် (၁၀၀၀/၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သင်္ဘောသီးမှည့် ဈေးနှုန်းများမှာ သင်္ဘောသီးမှည့် အကြီး တစ်လုံးလျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၂၅၀၀/၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“စီးပွားဖြစ်စိုက်ပျိုးလာသောသင်္ဘောသီး”

           သင်္ဘောပင်တွင် အဖိုပင်၊ အမပင် ဟူ၍(၂)မျိုးရှိရာ အဖိုပင်တွင် အသီးသီးလေ့မရှိဘဲ အပွင့်များအခိုင်လိုက်ပွင့်ကြောင်း၊ အမပင်သည် ပွင့်၍အသီးသီးလေ့ရှိကြောင်း၊ သင်္ဘောပင်စိုက်ပျိုးရာတွင် ပျိုးထောင်စနစ်နှင့်စိုက်ကျင်းအတွင်း အစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးရာတွင် သွပ်ပြားကိုအောက်ခံပြီးမှ ယင်းအပေါ် မြေသား ၄လက်မခန့် အထူထည့်၍ ပျိုးထောင် လေ့ရှိကြောင်း၊ အဖိုပင်သည် အမပင်ထက် ပိုမိုသန်းစွမ်းသောကြောင့် အမြစ်သည်အောက်တွင်ခံထား သောသွပ်ပြားနှင့်မြန်မြန်ထိလွယ်သောကြောင့် ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် အဖိုပင်များသည် ညှိုးနွမ်းလေ့ရှိကြောင်း၊ အဖိုပင်၊ အမပင်ခွဲရာတွင် ဤနည်းကိုအသုံးပြုကြကြောင်း၊ပျိုးပင်သက်တမ်း ၁လခွဲ၊ ၂လသားခန့်တွင် စိုက်ခင်းသို့ပြောင်း‌ရွှေ့စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်များကိုဝယ်ယူ၍ စိုက်ပျိုးမည်ဆိုပါက ပျိုးပင်တစ်ပင်လျှင်(၁၂၀၀/-)ကျပ်ခန့် စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမည့်စိုက်ခင်းသည် ရေမဝပ်သောနေရာဖြစ်ရန်လိုအပ်ပြီး စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေး မှာ(၈-၁၂)ပေအထိ လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ (၁)ဧက စိုက်ပျိုးမည်ဆိုပါက သင်္ဘောပျိုးပင်(၃၀၀)ခန့် ဝင်ဆံ့ကြောင်း၊ စိုက်ပျိုးပြီးရေကိုဝအောင်လောင်းပေးရကြောင်း၊ အမြစ်စွဲသည့်အချိန်မှစ၍ (၆)လတစ်ကြိမ်ခန့် စိုက်ကျင်း တစ်ကျင်းလျှင် နွားချေးဆွေး (၁)တင်းနှင့် လိုအပ်သည့်အပင်အတွက် အားဆေးများ၊ဓါတ်မြေသြဇာများကျွေးပေးရကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန်မှစ၍ (၄-၅)လ အကြာတွင် အသီးများကို စတင်ခူးဆွတ်စားသုံးရောင်းချနိုင်ပြီဖြစ်ကြောင်း ၊   သင်္ဘောမျိုး  အလိုက်တစ်ပင်လျှင် အလုံးရေ(၅၀-၁၀၀)အထိ အသီးသီးကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ စျေးကွက်အတွင်းတွင်သင်္ဘောသီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင်(၂၅၀၀-၃၀၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းချရသောကြောင့် (၁)ဧက အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၅၀)ခန့် အမြတ်ရရှိသဖြင့် သင်္ဘောသီး သီးနှံအား စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

    ၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ကွန်ပေါင်း (၁၅:၁၅:၁၅) အာမိုကျွဲနက် (50kg)တစ်အိတ်လျှင် (၁၉၉၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) MC (50kg)တစ်အိတ်လျှင် (၁၆၇၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၃:၅:၇) ဇာမဏီ  (50kg) တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ကွန်ပေါင်း (၁၅:၁၅:၁၅) ဩဘာ complex (50kg) တစ်အိတ်လျှင် (၁၃၈၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) ကောင်းသုခ ရွှေသီးနှံ (50kg) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ကွန်ပေါင်း (၁၅:၉:၈) မြှားကမ္ဘာ (50kg) တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ပိုးသတ်ဆေး ထိသေ/စားသေ ဒီမွန် 1.8 (500cc) တစ်ဗူးလျှင် (၂၂၀၀၀)ကျပ်၊ ငှက်ကြီးတောင် (100cc) တစ်ဗူးလျှင် (၃၀၀၀၀)ကျပ်၊ဇိုင်ကလုံး (1 Liter) တစ်ဗူးလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ပေါ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

“ဂျူးဖူးများစျေးကွက်အတွင်းဝင်ရောက်”

           ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့်မြို့မစျေးအတွင်းသို့ ဂျူးဖူးများဝင်ရောက်လျက်ရှိပါသည်။ ဂျူးဖူးကို အများအားဖြင့် ရှမ်းပြည်နယ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဂျူးဖူး၏ အရာသာမှာ ချိုမြပြီး ကြက်သွန်အရသာလိုပေးစွမ်းတဲ့ ဂျူးဖူးကို လူတိုင်းစားဖူးကြပါသည်။ ဂျူးဖူးကို အများသောအားဖြင့် အသဲအမြစ်နှင့်ဖြစ်စေ၊ အသားနှင့်ဖြစ်စေ ကြော်စား၍လည်းကောင်း ၊အသုပ် သုပ်၍သော်လည်းကောင်း၊ ချဉ်ရည်ချက်စား၍သော်လည်းကောင်း၊ စွပ်ပြုတ်၊ဖတ်ထုပ်တို့တွင်လည်းကောင်း၊ အဖူးကို ထောင်း၍သော်လည်းကောင်း၊ ဂျူးဖူးတစ်မျိုးတည်းကြော်၍သော်လည်းကောင်း စားသုံးကြပါသည်။ ဂျူးဖူးတွင် ပရိုတင်းဓာတ်၊ အောက်ဆီးဒင့်ဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် ဓာတ်အများအပြားပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ဆို့မှု လေဖြတ်ရောဂါ၊ အဆုပ်နှင့်ခံတွင်းကင်ဆာ စသည့်ရောဂါများ ဖြစ်နိုင်ခြေလျော့ကျစေကြောင်း ကျန်းမာရေးဗဟုသုတအရ သိရှိရပါသည်။ယခုအချိန်တွင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးအတွင်းသို့ ဂျူးဖူးများ  စျေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဖောက်သည်စျေးအနေဖြင့် ဂျူးဖူး(၁)ပိဿာလျှင် (၈၀၀၀/-)ကျပ်ရှိပြီး လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပျားလိမ္မော်သီး နှင့် တည်သီး ဈေးနှုန်းအနည်းငယ်ကျဆင်းလာ

    ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ပျားလိမ္မော်သီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ တည်သီး ဈေးနှုန်းများမှာ တည်သီး အကြီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၁၈၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုး(၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ပျားလိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ယခင် အပတ်ထက် လိမ္မော်သီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဌက်ပျောသီးဈေးနှုန်းအခြေအနေ

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများများရောင်းချသည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် ဌက်ပျောသီးများကို ရောင်းချလျက်ရှိပါသည်။ ဌက်ပျောသီးများမှာ ဒေသတွင်းမှ ထွက်ရှိသည့် အသီးများအပြင် ရွှေဘိုမြို့နယ် လက်လှုပ်ကျေးရွာနှင့် ဒီပဲယင်းမြို့များမှ လည်း သယ်ယူရောင်းချကြောင်း၊ ဌက်ပျောသီးများကို အလှူပွဲများ၊ မင်္ဂလာပွဲများတွင် လည်း ကောင်း၊ သာသနာပွဲ များ၊ ကန်တော့ပွဲများ နှင့် စားသုံးရန်အတွက် ဝယ်ယူကြကြောင်း၊ ဌက် ပျောသီး မျိုးများမှာ ခွန်စိမ်းမျိုး နှင့် ဖီးကြမ်းမျိုးဟူ၍ရှိပြီး အစိမ်းနှင့် အမှည့်ဟူ၍ ရောင်းချကြောင်း၊ အစိမ်း ဈေးနှုန်းမှာ အမှည့်ဈေးထက် အနည်းငယ်ဈေးပိုပေးရကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဌက်ပျောသီးဈေးနှုန်းများမှာ ခွန်စိမ်းဌက်ပျော(၁)ဖီးလျှင် အရွယ်အစားပေါ်မူတည်၍ (၁၅၀ဝိ/-)ကျပ်၊ (၂၀၀ဝိ/-)ကျပ်နှင့် (၂၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချ ကျကြောင်း၊ ဖီးကြမ်းဌက်ပျော(၁)ဖီး လျှင် အရွယ်အစားပေါ်မူတည်၍ (၂၀ဝဝိ/-)ကျပ်မှ (၂၅၀ဝိ/-) ကျပ်ဖြင့် ရောင်းချကြကြောင်း ဌက်ပျောသီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“မြစ်သားမြို့နယ်တွင် မိုးကြက်သွန်နီများစတင်စိုက်ပျိုး”

            ကျောက်ဆည်ခရိုင်သည်  ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး  သီးနှံမျိုးစုံ   အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း မိုးကြက်သွန်များအား ယခုအခါ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကိုပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန်အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်းသိန်း(၃၀)ကျော်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧကအထွက်နှုန်း(၃၀၀၀) ပိဿာကျော်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် မိုးကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် ၁ ပိဿာလျှင်(၂၈၀၀)ကျပ်ခန့် ရောင်းချရသော ကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၅၀)သိန်းကျော်မြတ်ခဲ့ကြောင်း၊ မိုးကြက်သွန်နီပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ကြက်သွန်နီထွက်ရှိချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း မိုးကြက်သွန်နီစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ရှမ်း)၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ နနွင်း၊ အာလူး၊ ချင်း၊ ငရုတ်ခြောက်အရှည်တို့ဖြစ်ကြသည်။ စက်တင်ဘာလ တတိယပတ်(၁၇.၉.၂၀၂၅)ရက်နေ့တွင် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊  ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၈၅၀၀)ကျပ်၊နနွင်းတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊အာလူးတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ချင်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ငရုပ်ခြောက်အရှည်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်တို့ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ရှိ ရာသီပေါ်သီးနှံဖြစ်သည့် ဂွေးသီးနှင့် သီးသီးဈေးနှုန်း

     ရွှေဘိုမြို့ရှိ ဈေးများတွင် သစ်သီးဝလံများရောင်းချလျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်သည့် ဂွေး သီး နှင့် သီးသီးများကို ရောင်းချလျက်ရှိပါသည်။ ဂွေးသီးများကို မန္တလေးမြို့မှ သယ်ယူရောင်းချပြီး သီးသီးမှာရွှေဘိုဒေသမှထွက်ရှိသောအသီးဖြစ်ကြောင်း၊ အညာဒေသမှသာထွက်ရှိသည့် သီးသီးမှာ  အစိမ်းနှင့်အမှည့်ဟူ (၂)မျိုး ရှိကြောင်း၊ သီးသီးအစိမ်းကို ထက်ခြမ်းခွဲကာ အစိတ်လေးများပြုလုပ်၍ သီးသီးပေါင်းအဖြစ် ရောင်းချကြပြီး သီးသီးအမှည့်ကိုမှု မိမိတို့အိမ်တွင် ထန်းဖိုထန်းလျက် (သို့မဟုတ်) ဝါးတောမ ထန်းလျက်ခဲထည့်ကာ သီးသီးမှည့်နှင့်ရောခလောက်ပြီး သီးသီးယိုအဖြစ် စားသုံးကြကြောင်း၊ သီးသီးယို၏ အရဿာမှာ ချိုချဉ်သော အရဿာရှိ၍ ခံတွင်းကောင်းပြီး သီးသီးမှာ အမျှင်ဓါတ်ပါရှိ၍ ကျန်းမာရေးနှင့်ကောင်းမွန်ကြောင်း၊ အချိုပွဲအဖြစ် သီးသီးကို သီးသီးကျောက်ကျောအဖြစ်လည်း စားသုံးကြကြောင်း၊ ဂွေးသီးနှင့်သီးသီးများကို အချဉ်ပေါင်း ရောင်းချသည့် တွန်းလှဲသည်များနှင့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များမှ အများဆုံး ဝယ်ယူကြ ကြောင်း၊ ဂွေးသီးကို အချဉ်ပေါင်းသုပ်ပြုလုပ်၍ ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသော ဂွေးသီးနှင့် သီးသီး ဈေးနှုန်းများမှာ အရွယ်အစားအကြီး / အသေး ပေါ်မူတည်၍ (၁)လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၂၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး သီးသီး ဈေးနှုန်းမှာ (၄)လုံးလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်း ရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း