Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံလမ်းဈေးတွင်ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်းဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်း သိရပါသည်။ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်တွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ငရုတ်သီး၊ ကြက်ဟင်းခါး၊ ဘူးသီး၊ ပဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ၊ ကန်စွန်းရွက်နှင့် ချဥ်ပေါင်ရွက် စသည့်သီးနှံများ စိုက်ပျိုးကြပါသည်။ စာဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးစိမ်းများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မုံရွာမြို့၊ ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ရောင်းချကြကြောင်း သိရှိရပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ချင်းတွင်းရတနာဈေးနှင့် သံလမ်းဈေးတို့တွင် ငရုပ်သီးစိမ်း (၂၅)ကျပ်သားလျှင် (၇၀၀)ကျပ်၊ ငရုပ်သီးစိမ်း (၁)ပိဿာလျှင်  (၂၈၀၀)ကျပ်ရှိဖြင့်  ရောင်းချလျက်ရှိကြောင်း  ကုန်စိမ်းရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

          မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကိုလည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီးကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၅၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၆၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၅၀)ကျပ်မှ (၄၀၀)ကျပ်ထိ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ရုံးပတီးသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၁၀) ကျပ်သားလျှင် (၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရုံးပတီသီးများ ဝင်ရောက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မင်းဘူးမြို့မဈေး၌ ငရုတ်သီးခြောက်ဈေးနှုန်းကျဆင်း

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ငရုတ်သီးခြောက်သီးနှံကို မင်းဘူးမြို့ ပတ်ဝန်းကျင်ရှိ ရေတွင်းကုန်းကျေးရွာမှ မှာယူရောင်းချလျက်ရှိသည့်အပြင် နတ်မောက်မြို့နှင့် နေပြည်တော်၊ တပ်ကုန်းမြို့တို့မှလည်း မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ငရုတ်သီးခြောက် (ဒီမွန်)()ပိဿာလျှင် ကျပ် (၁၁၀၀၀) (မီယာ)()ပိဿာလျှင် ကျပ်(၁၀၀၀၀) (ကျွန်းပု)()ပိဿာလျှင် ကျပ်(၁၃၀၀၀) ပီနန် (ခေါ်)တောင်ပေါ်(၁၁) ()ပိဿာလျှင် ကျပ်(၁၄၀၀၀) ကျောက်စိမ်း()ပိဿာလျှင် ကျပ်(၁၀၀၀၀) ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (ဒီမွန်)()ပိဿာလျှင် ကျပ်(၁၂၀၀၀) ပီနန် (ခေါ်)တောင်ပေါ်(၁၁)()ပိဿာလျှင် ကျပ်(၁၅၀၀၀)ဈေးဖြင့်ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (ဒီမွန်) ကျပ်(၁၀၀၀) ပီနန်းခြောက် (ခေါ်)တောင်ပေါ်(၁၁) ကျပ်(၁၀၀၀) ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် မင်းဘူးမြို့၊ ရေတွင်းကုန်းကျေးရွာနှင့် နတ်မောက်မြို့တို့မှ ကျောက်စိမ်း၊ မီယာ၊ ကျွန်းပု ငရုတ်သီးခြောက်များ မင်းဘူးမြို့မဈေးအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

မင်းဘူးမြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းကျဆင်း

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေးရှိ  ကုန်စိမ်းသီးနှံဈေးကွက်တွင် ရှမ်းပြည်နယ်၊ အောင်ပန်း‌ဒေသထွက် ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် မြို့မဈေး၌ ကြက်သွန်ဖြူ ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် (အလုံးအကြီးအသေးနှင့် အရည်အသွေးလိုက်၍) ကျပ်(၄၀၀၀-၅၀၀၀)၊ ကြက်သွန် ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် (ပထမပတ်)တွင်  ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၅၀၀)၊  ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကြက်သွန်ဖြူ(ဗမာ) ကျပ်(၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) ကျပ် (၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ကြက်သွန်ဖြူ စိုက်ပျိုးရာ ဒေသများ၌ ကြက်သွန်ဖြူအသစ်များထွက်ရှိလာချိန်ဖြစ်၍ ဈေးနှုန်းမှာ အနည်းငယ်ကျ ဆင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်းကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ တတိယပတ်အတွင်း ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မြင့်တက်လာကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့ရှိ ဝက်သားဈေးနှုန်း/ဈေးကွက်

   ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့ရှိ အဓိကဈေးကြီးများ ဖြစ်သော မြို့မဈေး ၊ ကုလားကုန်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချနေသော ဝက်သား ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၃၆,၀၀၀ မှ ၃၈,၀၀၀ အထိ ရှိကြောင်း သိရှိရပါသည်။

          ယခင် စက်တင်ဘာလ ဒုတိယပတ်ကဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် မြင့်တက်လာခဲ့သော်လည်း ယခုပတ်အတွင်း အတန်အသင့် တည်ငြိမ်လျက်ရှိကြောင်း သိရ ပါသည်။ ဝက်သားဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ မိုးရာသီကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဝက်စာများ၏ ကုန်ကျစရိတ် မြင့်တက်မှုနှင့် မွေးမြူရေးစရိတ်များ အနည်းငယ် မြင့်တက်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံမွေးမြူရေးသမားများထံမှ သိရှိရပါသည်။

          ပုသိမ်မြို့အနေဖြင့် ဝက်သားထုတ်လုပ်မှုတွင် ကိုယ်ထူကိုယ်ထ မွေးမြူရေးကဏ္ဍမှ ထုတ်လုပ်သည့် ဝက်သားများနှင့် အနီးအနားရှိ မြို့နယ်များမှ တင်ပို့လာသော ဝက်သားများ ရောနှောရောင်းချနေရခြင်းကြောင့် ဈေးနှုန်းများ အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။

ဈေးကွက်အတွင်း ဝက်သားဝယ်လိုအားမှာ ပုံမှန်ရှိပြီး ဒေသခံများ၏ နေ့စဉ်စားသုံးမှုနှင့် ပွဲလမ်း သဘင်များ၊ အလှူအတန်းများအတွက် ဝယ်ယူသုံးစွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကန့်ဘလူမြို့နယ်၏ ကြက်ကင်၊ ငါးကင်နှင့်အကင်စုံဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူမြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

           ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေးနှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိပြီး ငါးကင်အသေး တစ်ကောင်လျှင်(၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၃၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၆၀၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၂၀၀၀)ကျပ်၊ ကြက်သဲမြစ်(၃) ချောင်း (၁၈၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၅၀၀)ကျပ် နှင့် အသားတုကင်(၅)ချောင်း (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိရာ ယခုတတိယပတ်အတွင်း အကင်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပုသိမ်မြို့နယ်အတွင်း တောင်ကြီးဖတ်ဆွတ်မှို(ငှက်စွပ်မှို) ဈေးကွက် အရောင်းအဝယ်သွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် - မိုးရာသီ၏ ရာသီစာတစ်ခုဖြစ်သော တောင်ကြီး ဖတ်ဆွတ်မှို (ငှက်စွပ်မှို) များ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် အလုံးအရင်း ရောင်းချ လျက်ရှိရာ ဈေးကွက်ဝယ်လိုအား ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ သဘာဝအလျောက် ပေါက်ရောက်သည့် ဤမှိုအမျိုးအစားသည် အရသာထူးခြားနူးညံ့ပြီး အာဟာရဓာတ်ကြွယ်ဝသည့် အတွက် ဒေသခံများကြားတွင် အလွန်နာမည်ကြီးပါသည်။

          ပုသိမ်မြို့နယ်၏ အဓိကဈေးကြီးများဖြစ်သော မြို့မဈေးနှင့် အောင်ဧရာဈေးတို့တွင် ယခုရာသီ၌ ငှက်စွပ်မှိုများ စတင်ရောက်ရှိလာပြီး ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားမှုများ စတင်မြင့်တက်လာကြောင်း သိရပါသည်။ စက်တင်ဘာလ တတိယပတ်တွင် ဈေးနှုန်းများ အနေဖြင့် တစ်ဆယ်ကျပ်သား - ကျပ် ၄၀၀၀၊ တစ်ပိဿာ - ကျပ် ၃၅၀၀၀ မှ ၃၈၀၀၀ (အရည်အသွေးပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိ) မှိုများကို ဒေသအတွင်းမှ ကျေးရွာများမှ ကျေးရွာများမှ လယ်သမား၊ ကျေးရွာသားများမှ ခူးဆွတ်ပြီး ပုသိမ်မြို့အတွင်းရှိ ဈေးများသို့ တင်ပို့ရောင်းချကြခြင်းဖြစ်သည်။ ဈေးကွက်အတွင်း ဤမှိုမျိုးကို ဝယ်ယူသူများမှာ ဒေသခံ စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် အလှူအတန်းများအတွက် ဝယ်ယူကြသူများ ဖြစ်ကြ ပါသည်။ မှိုဟင်းကို ကြော်ချက်၊ ချက်ပြုတ်၊ ဟင်းခါးချက်ရာတွင် အသုံးပြုကြပါသည်။ လတ်ဆတ် သော မှိုများကို ရက်တိုတွင်သာ စားသုံးနိုင်သည့် အတွက် ဈေးသည်များအနေဖြင့် နေ့စဉ် လတ်လတ်ဆတ်ဆတ် ရောင်းချနေကြရကြောင်း သိရပါသည်။

DOCA(ဧရာဝတီ )

 

ပုသိမ်မြို့၊ မြို့မဈေးတွင် ရေထွက်ကုန်ပစ္စည်းများ ဈေးကွက်သွက်လျက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မဈေးအတွင်း ရောင်းချနေသော ရေထွက် ကုန်ပစ္စည်းများမှာ ဒေသထွက်ပစ္စည်းများနှင့် အခြားဒေသများမှ တင်ပို့လာသော ကုန်ပစ္စည်းများ ရောနှောရောင်းချလျက်ရှိရာ ဈေးကွက်အတွင်း ရောင်းဝယ်မှုသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

          ကုလားကုန်းဈေးသည် ပုသိမ်မြို့၏ အဓိကဈေးကြီးတစ်ခုဖြစ်ကာ ရေထွက်ကုန်ပစ္စည်း အမျိုး အစား စုံလင်စွာ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တိယပတ်အတွင်း ပုသိမ်မြို့၊ ကုလားကုန်းဈေးတွင် ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ပုဇွန်ခြောက်(အချို) (၁)ပိဿာ - ကျပ် ၁၁၅,၀၀၀ မှ ၁၂၀,၀၀၀ ၊ ငါးရံ့ခြောက်(လုံး) (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀ ၊ ငါးကြီးသားခြောက် (၁)ပိဿာ - ကျပ် ၁၁၀,၀၀၀ မှ ၁၁၅,၀၀၀ ၊ ငါးနီတူခြောက် (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀၊ ငါးရောင်ခြောက် (၁)ပိဿာ - ကျပ် ၃၈,၀၀၀ မှ ၄၀,၀၀၀ ၊ အာပြဲခြောက် (၁)ပိဿာ - ကျပ် ၂၈,၀၀၀ မှ ၃၀,၀၀၀ ၊ အသားမျှင်ခြောက် (၁)ပိဿာ - ကျပ် ၄၂,၀၀၀ မှ ၄၄,၀၀၀ ၊ ငါးတံခွန်ခြောက် (၁)ပိဿာ - ကျပ် ၂၃,၀၀၀ မှ ၂၅,၀၀၀ ဈေးနှုန်းများမှာ ကုန်ပစ္စည်း၏အရည်အသွေး၊ အရွယ်အစားနှင့် ရောင်းချသည့်နေရာဒေသ အလိုက် အနည်းငယ်ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။

          ယခုအခါ အလှူအတန်းများနှင့် ပွဲလမ်းသဘင်များ ပြုလုပ်ရာတွင် ရေထွက်ကုန် ပစ္စည်းများကို အသုံးပြုမှုများလာသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုလားကုန်းဈေးအတွင်း ရေထွက်ကုန်ပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။ ဒေသခံများ သာမက အနီးအနားရှိ မြို့နယ်များမှ ကုန်သည်များပါ ဝယ်ယူမှုပြုလုပ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း