Main menu

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

          မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက်လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့် ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်းသိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၁၅၀၀၀ - ၂၀၀၀၀ -၂၅၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၂၉၀၀၀)၊ ကွမ်းစားထုံး(၁)လီတာ(၁)ဘူးလျှင် ကျပ်(၂၈၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၁၁၀၀)၊ ဗမာ ဆေး(၁)ထုပ်လျှင် ကျပ်(၁၀၀၀)စသည့် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချ ရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင်‌နိုဝင်ဘာလ (စတုတ္ထပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်ကျပ်(၅၀၀၀-၇၀၀၀)၊ ကွမ်းသီးခြမ်း ကျပ်(၁၅၀၀)၊ ကွမ်းသီးစိပ် ကျပ်(၁၀၀၀) ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းအထွက်နှုန်းများ လျော့နည်း သည့်အပြင် သယ်ယူစရိတ်မှာလည်း မြင့်မားလာသောကြောင့် ကွမ်းရွက်နှင့် ကွမ်းသီး ဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင် ပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)