Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်၊  ဆူးပုတ်ကြီးရွက်နှင့် ကင်းပွန်းချဉ်ရွက် ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်  သံလမ်းဈေးတွင်ရောင်းချနေသော  ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀)ကျပ်၊(၂)စည်းလျှင် (၇၀၀)ကျပ်နှင့်  ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာတစ်စည်း လျှင် (၂၅၀)ကျပ်မှ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးတွင်ရောင်းချနေသော မန်ကျည်းရွက်နှင့်ကုလားပဲရွက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက် အသီးအရွက်များဖြစ်သည့်   မန်ကျည်းရွက်နှင့်ကုလားပဲရွက်များကိုလည်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ 

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်  မြသလ္လာဈေးတွင် ရောင်းချနေသော  မန်းကျည်းရွက်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်မှ (၆၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး ကုလားပဲရွက်ဈေးနှုန်းမှ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ် ၊ (၁)ပိဿာလျှင် (၄၀၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဆောင်းရာသီရောက်ပြီဖြစ်၍ ဈေးတက်လာသောကွမ်းရွက်

             မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ ကွမ်းရွက်နှင့်ဆေးရွက်ကြီးများလည်း စိုက်ပျိုးကြောင်း သိရပါသည်။ ကွမ်းရွက်သည် အမိုးအကာဖြင့် အထူးဂရုစိုက်ရသောအပင်ဖြစ်ပြီး အသန့် ကြိုက်သောအပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်တွင် ကွမ်းကို ကျေးရွာများ၌ အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခုလို မိုးအကုန်ဆောင်းရာသီဝင်သောအချိန်တွင် ကွမ်းအထွက်နှုန်းနည်းလာပြီဖြစ်သည်။ မြင်းခြံမြို့ရှိ ကွမ်းပွဲရုံများသို့တင်ပို့ရောင်းချကြောင်း၊ အချို့ပွဲစားများသည် ရွာအရောက်လာရောက်ဝယ်ယူကြကြောင်း၊ အချို့မှာ မြို့ပေါ်ရှိ ကွမ်းယာဆိုင်များသို့ တိုက်ရိုက်ဖောက်သည်ပေး ရောင်းချကြောင်း  သိရသည်။          မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးတို့တွင် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းအရ ကွမ်းတစ်ပိဿာလျှင် ၉၀၀၀/- ကျပ်မှ ၉၅၀၀/- ကျပ်အထိ  ဈေးအနည်းငယ်မြင့်တက်ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ချင်းတွင်းရတနာဈေးရှိ ပဲလိပ်ပြာဈေးနှုန်း

 

          မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများ၊ သစ်သီးဝလံများအပြင် ဒေသထွက် ပဲလိပ်ပြာများ ရောင်းချလျက်ရှိပါသည်။ ပဲလိပ်ပြာသည် ချိုဆိမ့်အရသာရှိပြီး ပဲဟင်း ရည်ချက်စားရာတွင်လည်းကောင်း ခရမ်းချဉ်သီးကို အနှစ်ပြုလုပ်ပြီး ရော၍ ချက်စားလျှင်လည်းကောင်း အရသာကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ် ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ပဲလိပ်ပြာဈေးနှုန်းမှာ ပဲလိပ်ပြာ(၁)ဘူးလျှင် ၁၅၀၀/-ကျပ်၊  တစ်ပြည်လျှင် ၁၂၀၀၀/- ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

    မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အသား၊ ငါးများ၊ အသီးအရွက်များအပြင် ဖိုလ်ဝင်းတောင် ဒေသထွက် မျှစ်စိမ်းနှင့် မျှစ်ပြုတ်များလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနစ်၊ နိုဝင်ဘာလ တတိယပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် မျှစ်စိမ်း (၅၀)ကျပ်သားလျှင်(၂၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၃၀၀)ကျပ်၊ မျှစ်ပြုတ် (၅၀)ကျပ်သား လျှင်(၃၂၀၀)ကျပ်၊  တစ်ပိဿာလျှင် (၆၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် အသား၊ ငါးများအပြင် ဒေသထွက်အသီးအရွက်များဖြစ်သည့်   မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်များကို လည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်  ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် ၈၀၀/-ကျပ်၊ တစ်ပြည်လျှင် ၆၀၀၀/- ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် ၇၀၀၀/- ကျပ် မှ ၇၈၀၀/- ကျပ် ၊ အစေ့ပါ(၁) ပိဿာလျှင် ၅၀၀၀/- ကျပ်မှ ၅၆၀၀/- ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ဘိလပ်စေ့သီးနှံဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ဘိလပ်စေ့သီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ ၌လည်းကောင်း ၊ ယာခင်းဘေး ပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများ မှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် ၆၇၀၀၀/-ကျပ်၊ ဘိလပ်စေ့ညံ့လျှင် ၆၆၅၀၀/- ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနိုဝင်ဘာ လဒုတိယပတ်၏  ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် ၁၀၀၀/- ကျပ်    ဈေးနှုန်းကျဆင်းသွားကြောင်း  သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် ၇၅၀၀၀/-ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် ၈၁၅၀၀/-ကျပ်နှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မတ်ပဲရိုးရိုးတစ်တင်းလျှင် ၄၀၀၀/-ကျပ်နှင့်မတ်ပဲမျက်ကွင်းဖြူတစ်တင်း လျှင်၄၅၀၀/- ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ပဲမျိုးစုံဈေးကွက်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ အများဆုံးထွက်ရှိလျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ပဲလွန်းဖြူတစ်တင်းလျှင် ၈၂၀၀၀/-ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် ၈၁၅၀၀/-ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု နိုဝင်ဘာလဒုတိယပတ်၏ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲလွန်းဖြူသီးနှံတစ်တင်းလျှင် ၇၀၀၀/- ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲမျိုးစုံဈေးကွက်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲတီစိမ်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်၇၇၀၀၀/- ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် ၈၁၀၀၀/- ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ  ယခုနိုဝင်ဘာလ ဒုတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် ၁၀၀၀/- ကျပ်နှင့်  အထွက်တိုးတစ်တင်းလျှင် ၃၀၀၀/-ကျပ် ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ အများဆုံးတင်ပို့ရောင်းချကြောင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း