Main menu

မုံရွာမြို့တွင် ရောင်းချနေသော ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း

Powered by Drupal

               စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီး များကိုဒေသတွင်း မိမိတို့အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင် အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်နှင့် ပန်းငရုတ်ပွသီးများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်းသိရှိရပါသည်။ 

             ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ တတိယအပတ်အတွင်း ရောင်းချနေသော ဆူးပုတ်ရွက် (၁)စည်းလျှင် (၅၀၀)ကျပ်၊ အလားတူ ပန်းငရုတ်ပွသီးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင်(၂၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀)ကျပ်၊  ၅၀ကျပ်သားလျှင်(၇၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)