Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပိုင်သုကော်လရှင် Online Saleအား အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “ပိုင်သုကော်လရှင် Online   Sale”မှ အဝတ်အထည်၊  အထည်အလိပ်နှင့်ဆက်စပ်ပစ္စည်းများအား  အမှတ် (၄၁၆)၊ အောင်ရတနာလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက် မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ် စာမှန်ကန်မှုရှိ/မရှိ၊  မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ဘိုကလေးမြို့နယ်(၃) ရပ်ကွက်ရှိ “အောင်ပင်လယ်”ကုန်စုံဆိုင်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နံနက်(၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့(၃)ရပ်ကွက် ထော်လီကွေ့ ရှိ “အောင်ပင်လယ်’ စားအုန်းဆီအရောင်းဆိုင်အား သတ်မှတ် ရည်ညွှန်းဈေးနှုန်း ဖြင့် ရောင်း ချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၃)ရပ်ကွက်ထော်လီကွေ့ရှိ စားအုန်းဆီ အရောင်းဆိုင်အား စစ်ဆေးခဲ့ရာ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချနေကြောင်းဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိ “ဦးလှမြင့်”ကုန်စုံဆိုင်တွင် စားအုန်းဆီရောင်းချမှုအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက် နံနက်(၉:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့(၃)ရပ်ကွက် ဘဏ်ရှေ့ရှိ စားအုန်းဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၃)ရပ်ကွက်ရှိ စားအုန်းဆီအရောင်း ဆိုင်တွင် ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချနေကြောင်းဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိလပ်မြေဆိုင်များအား ကွင်းဆင်းခြင်း

       ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်(၂၈-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင်‌ဒေးဒရဲမြို့ပေါ်ရှိဘိလပ်မြေဆိုင်များသို့ ဒေးဒရဲမြို့နယ်တရားမ၀င် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က အဆိုပါဘိလပ်မြေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
      အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ‌ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ပါ၀င်‌သော ပူးပေါင်းအဖွဲ့က ဘိလပ်မြေဈေးနှုန်းအ‌ခြေအ‌နေများအား မေးမြန်းခြင်း၊မည်သို့ရောင်းချပေးနေကြောင်းမေးမြန်းခြင်း ၊ဘိလပ်မြေများပုံမှန် ရောက်ရှိ မှုရှိ/မရှိမေးမြန်းခဲ့ပြီးတရား၀င်လိုင်စင်ရှိ/မရှိ၊မည်သည့်ဘိလပ်မြေအမျိုးအစားများရောင်းချကြောင်းနှင့် လက်ကျန်အိတ်အရေအတွက်တို့ကိုမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

             ဆန်ဆိုင်များသို့ကွင်းဆင်းခြင်း

      ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးရှိဆန်ဆိုင်(၆)ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပါ၀င်သောပူးပေါင်းအဖွဲ့တို့ဖြင့်(၂၈-၁၁-၂၀၂၅) ရက်၊နံနက်(၀၈:၃၀)နာရီအချိန်တွင်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
     ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင်ဆန်များအားသတ်မှတ်ထားသည့်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ဆန်လက်ကျန်အရေအတွက် များမေးမြန်းခဲ့ပြီး ဆန်သိုလှောင်ရုံများမှတ်ပုံတင်သက် တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန်ကို ဆိုင်ရှင်များအားမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

ဒေးဒရဲမြို့နယ်သို့စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

      ဖျာပုံခရိုင်၊‌ ဒေးဒရဲစားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဦးသိန်းမောင်သည်၂၀၂၅ခုနှစ်၊ နို၀င်ဘာလ၂၈ရက်နေ့၊ မွန်းလွဲ၁၃:၀၀နာရီအချိန်တွင် ဒေးဒရဲမြို့နယ်ဆီကိုယ်စားလှယ်၏ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၁)ပေပါ(သို့) (၂၃၁၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးကြခဲ့ပါသည်။
     ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဒေးဒရဲမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိသောစားအုန်းဆီများကို
ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့်စားအုန်းဆီလက်လီ/လက္ကားဆိုင် များသို့ဖြန့်ခွဲရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှစားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်းခွဲတမ်းရရှိသောစားအုန်းဆီလက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

   ဒေးဒရဲမြို့နယ်တွင်ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံသည်(၂၈-၁၁-၂၀၂၅)ရက် နေ့၊‌ နေ့လယ်(၁၂:၀၀)အချိန်တွင်ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်ရှိဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ‌ဆွေးနွေးခဲ့ကြသည်။

     အဆိုပါတွေ့ဆုံ  ဆွေးနွေးရာတွင်မြို့နယ်တာ၀န်ခံက လက်ရှိ စပါးထွက်ရှိမှုအပေါ် ဝယ်ယူနေမှု ဈေးနှုန်း အခြေအနေများ၊ လက်ရှိ စပါးဈေးနှုန်းအခြေအနေများ၊ ဆန်စက်တွင်အသုံးပြုသော စပါးအခြောက်ခံ စက်အခြေအနေ များကိုမေးမြန်းဆွေးနွေးခြင်း၊မြို့နယ် ဆန်စပါး ဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း‌ဆောင်ရွက်နိုင်ရေးနှင့် အသင်းအဖွဲ့များ ရှင်သန်နိုင် ရေး စုပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ဒေသတွင် ဈေးနှုန်းဈေးကွက်အခြေအနေများကို အသင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ပြီး မြေပြင်အခြေအနေမှန်များကို သုံးသပ်၍ စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကိုလည်းကောင်း၊  Gasifier လည်ပတ်မှု နည်းစနစ်မှန်ကန်စေရေး၊  ဆန်စက်မှ ရထုတ်ကျန် စပါး/ဆန်စာရင်းများကိုလည်း စာရင်းပြုစုထားရှိရန် ၊ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် သည့်အခါ အဆင်ပြေလွယ်ကူစွာ တင်ပြဆွေးနွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း ဒေးဒရဲမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် (၈)ဦးတက် ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

အရသာမှုန့်နှင့် ဟင်းခတ်မှုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်း စစ်ဆေး

      မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ  ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် (၁-၁၂-၂၀၂၅) ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူ မြို့မဈေးအတွက် ကုန်စုံဆိုင် (၆)ဆိုင်မှ ‌ရောင်းချသည့်  ဟင်းလျာများတွင် အသုံးပြုသော အရသာမှုန့် ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     စစ်ဆေးရာတွင် ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် မြို့နယ်တာဝန်ခံနှင့် စစ်ဆေးရေးမှူး ဒေါ်သဇင်ဦး ဒုဦးစီးမှူး တို့မှ  ကုန်စုံဆိုင်များမှ ရောင်းချနေ သော  ဟင်းခတ်အချိုမှုန့်အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ အဓိကစစ်ဆေးခဲ့ပြီး သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ မြို့နယ် ဈေးကွက်အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို ဈေးကွက်အတွင်း ရောင်းချသော ကုန်စည်များတွင် ကုန်ပစ္စည်းများမှာလည်း ကုန်အညွှန်း အမှတ်အသားများ အပြည့်အစုံပါရှိရမည်၊ ကုန်အမှတ်တံဆိပ်၊ စားသုံးသူများ သိရှိ လိုက်နာသင့်သည့် အကြောင်းအချက်များနှင့် ထုတ်လုပ်မှု ဆိုင်ရာများအား ကုန်အညွှန်းအမှတ်အသားများ ( Labels) ဖြင့်ဖော်ပြချက်များဖြစ်ကြောင်း၊  ကုန်ပစ္စည်း၏ ပါဝင်ပစ္စည်း၊ အသုံးဝင်မှု၊ အာနိသင်၊ ဆောင်ရန်ရှောင်ရန်၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရရှိမှုအခြေအနေ၊ အသုံးပြုပုံ၊ သိမ်းဆည်း ရမည့်စနစ် စသည့် သတင်းအချက်အလက်များ ပါဝင်ရမည့်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) သည် ကုန်စည်လုံခြုံစိတ်ချမှုအတွက် ပိုမိုတိကျသော ပြဋ္ဌာန်း ချက်များဖြင့် စားသုံးသူပြည်သူများကို ကာကွယ်ပေးထား ကြောင်း ၊  အထူးသဖြင့် အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ (၄၂)နှင့်(၄၃)တို့သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများ တိတိကျကျပါရှိပြီးဖော်ပြထားပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းကို အသိပညာပေးမှာကြားဆွေးနွေးခဲ့သည်။  ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည် များရောနှော ရောင်းချနေခြင်း၊ တားမြစ်ကုန်စည်များကိုဈေးကွက်အတွင်းရောင်းချနေကြောင်း  တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြေင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၂.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အမှတ် (၆၉)၊ ၉၂လမ်း၊ ကန်တော်ကလေးတောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သို့သွားရောက်၍ “မေ၏နတ်သမီးပုံပြင်ကိတ်ဆိုင်” Online shop  အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ကောင်မွန်စေရေး အတွက် အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် မအူပင်ခရိုင်အတွင်း ရှိ စားသောက်ဆိုင်များသို့ မိတ်ဖက် ဌာနများ ပူးပေါင်း၍ ခရိုင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ (၁-၁၂-၂၀၂၅) ရက်နေ့က ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးအောင်ဇော်ဦး မှ မအူပင်စားသောက်ဆိုင်များဖြစ်သည့် 3 Season စားသောက်ဆိုင်၊ အိမ်မက်သစ် စားသောက်ဆိုင်၊ မူဆယ်စားသောက်ဆိုင်၊ ဆင်ရေတွင်း စားသောက်ဆိုင်၊ ဖူးမောက်စားသောက်ဆိုင်၊ တစ်တော့ စားသောက်ဆိုင်၊ ရွှေကံကော်စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်‌ရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး၊ ချက်ပြုတ်စားသောက်ခန်းများ သန့်ရှင်းမှု ရှိမရှိနှင့်၊ အသားဟင်းရွက်ထားရှိမှု အအနေများ၊ ရေစီးရေလာမြောင်းများအား စစ်ဆေးခြင်း၊ အမှိုက်ပုံး ထားရှိမှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ စားသောက်ဆိုင်တာဝန်ခံများကို စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ အစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အသင်းအဖွဲ့ဖွဲ့စည်း လုပ်ငန်းဆောင်ရွက်နိုင်မှု စည်းမျဉ်းစည်းကမ်း၊ ဥပဒေများ အကြောင်းကိုရှင့်လင်းပြောကြားခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေး၊ ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်မှုလုပ်ငန်းတစ်ခုအဖြစ်ဆောင်ရွက်နိုင်ရေး ပညာပေးပြောကြားခဲ့ကြောင်း လုပ်ငန်းရှင်များမှလည်း အသင်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဌာနမှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွာမည်ဖြစ်ကြောင်း စားသောက်ဆိုင်တာဝန်ခံများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ