Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင် အ.ထ.က ၂ အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

  ၁၄-၇-၂၀၂၄ ရက်နေ့ နံနက်(၁၀၁၅) အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တိုင်းရေးဆေးပညာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့သည် မအူပင်မြို့ ၁၁ရပ်ကွက်၊ ၁၀လမ်းထပ်ရှိ အ.ထ.က-၂ အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး၊ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ဟောပြောပွဲတွင် စားသုံးသူရေး ရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

            ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းသား/ကျောင်းသူများကို လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ကျောင်းသား/သူများ မှတ်သားလိုက်နာဆောင်ရွက်နိုင်ဖို့က အရေးကြီးကျောင်းနှင့် ကျောင်းသို့ ဌာနဆိုင်ရာများက လူငယ်အသိပညာပေး ဟောပြောခြင်းကိုလည်း ကြိုဆိုကြောင်း သက်ဆိုင်ရာဌာနများက အသိပညာပေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဟောပြောပေးနိုင်ရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ အခြားသက်ဆိုင်ရာဌာနများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် လူငယ်များသိသင့်သော အသိပညာပေးခြင်းများကို အသီးသီးဟောပြောခဲ့ကြသည်။

            ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး အကြောင်း ကျောင်းသား/သူများ သိရှိသင့်သလောက် သိရှိပြီး စားသုံးသူအခွင့်အရေးအကြောင်းကို ကျောင်းသားများ နားလည်သလောက် တစ်ဦးချင်း မေးမြန်းဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေး နစ်နာမှု ရှိပါက မည်သည့်ဌာနသို့ တိုင်ကြားနိုင်ကြောင်း မေးမြန်းခြင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အမေးအဖြေပြုလုပ်ပြီး ဆုချီးမြှင့်ခြင်း ဆောင်ရွက်ခဲ့ပြီး အလွယ်တကူဆက်သွယ်တိုင်ကြားလိုရသော စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center1535 သို့ ဆက်သွယ်ဆောင်ရွက် တိုင်ကြား မေးမြန်းနိုင်သည့် အကြောင်း များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/သူဆရာ/ဆရာမ (၁၅၇)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

Rixs Myanmar Co.,Ltd. ပြည်ပို့ကုန် ဆန်၊ဆန်ကွဲ သိုလှောင်မှုနှင့် တင်ပို့မှုများ သတ်မှတ်ချက်အများနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ-မရှိကွင်းဆင်းစစ်ဆေး

      (၁၆-၇-၂၀၂၅) ရက်နေ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှင့် DOT အဖွဲ့တို့သည် Rixs Myanmar Co.,Ltd. Mile30,Yangon-Parhein Road,Sarmalout Province,Thakhutchaung Village Area,Nyaungdon Township,Ayeyarwaddy Region. သို့ Myanmar Broken Rice B1:2 (Sortexed). 520MT. ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေများကို အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထိုသို့ကွင်းဆင်းပူးပေါင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ရန် အကျယ်အဝန်းပမာဏအနိမ့်ဆုံးသတ်မှတ်ချက်မှာ ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) ဝင်ဆံ့သည့် ပမာဏနှင့်ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ ပြည်ပသို့ ဆန်ကွဲတင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် သတ်မှတ်ချက် အရည်အသွေးစံကိုက်ညီးမှု ရှိ/မရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်ဝင်ငွေဝင်ရောက်မှု အခြေအနေကိုစစ်ဆေးခြင်း၊ MyRo မှတ်ပုံတင်ထားမှု သတ်တမ်းပြည်မှီပါက သက်တမ်းတိုးဆောင်ရွက်ရန်အခြေအနေများ၊ ဆန်နှင့် ဆန်ကွဲပို့ကုန်လိုင်စင် အသစ်လျှောက် ထားရန်ရှိပါက လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းစစ်ဆေးခြင်း၊ ပို့ကုန်လိုင်စင်ပြင် ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ဇူလိုင်လ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို အသိပေးပြောကြား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရျိပါသည်။

DOCA(ဧရာဝတီ)

Myro တွင် မှတ်ပုံတင်သက်တမ်း ၁နှစ်ပြည့်မြောက်ပြီး စပါး/ဆန်စက်/သိုရုံလုပ်ငန်းရှင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၄-၇-၂၀၂၅ ရက်နေ့ နေ့လည် ၁၂:၃၀ အချိန်က ညောင်တုန်းမြိုနယ်၊ စားသုံးသူရေးရာဦးစီးဌာန မြိုနယ်ဦးစီးမှုးသည်ဌာနရုံးခန်းတွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှုးနှင့် အတူ ၂၀၂၅ခုနှစ်ဇူလိုင်လ တွင်MyRO သက်တမ်းတိုးရမည့် ဆန်စက်နှင့်သိုလှောင်ရုံပိုင်ရှင်များအားအမြန်ဆုံးသက်တမ်းတိုးရန်နှင့် လစဉ် မိမိဆန်စက်၊ သိုလှောင်ရုံ၏ လက်ကျန်စာရင်းအားMyROတွင်ပုံမှန်ရေးသွင်းဆောင်ရွက်ရေးအသိပေးဆွေးနွေးခဲ့ပါသည်။

            ဆွေးနွေးခဲ့ကြရာတွင် ဦးအောင်လွင် ဦးစီးအရာရှိက စပါး၊သိုလှောင်ရုံ၊ သိုရုံလုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online My Ro) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်း၁နှစ်ပြည့်မြောက်ပြီးသော ညောင်တုန်းမြို့နယ် လုပ်ငန်းရှင်များအား သက်တမ်းတို့ဆောင်ရွက်နိုင်ရေးနှင့် ဇူလိုင်လ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဦးစီးအရာရှိများ၊ ဦးစီးမှူးများ၊ ဒုဦးစီးမှူးများနှင့် အကြီးတန်းစာရေး၊ အငယ်တန်းစာရေးများ၏ ဝါဆိုသင်္ကန်းဆပ်ကပ် ပွဲနှင့် ဆွမ်းခဲဖွယ်များလှူဒါန်းပွဲ အခမ်းအနားကို ၈.၇.၂၀၂၅ ရက်နေ့တွင် တပျော်တပါး ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။ ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက် အထွတ်အမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ရာ ဝါဆိုလပြည့်နေ့တွင် မြန်မာလူမျိုးများသည် ဘုရား၊ စေတီများသို့ သွားရောက်ဖူးမြော်ခြင်း၊ ဘုန်းကြီးကျောင်းများတွင် ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းခဲ ဖွယ်ဘောဇဉ်များ ကပ်လှူ၍ ဉပုဒ်သီလဆောက်တည်ခြင်းများအား ပြုလုပ်ကြပါသည်။ ထိုကဲ့သို့ မွန်မြတ်သော အစဉ်အလာကို ထိန်းသိမ်းအံ့သောငှာ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ၍ ဆွမ်းခဲဖွယ်ဘောဇဉ်များအား ဆပ်ကပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို Online (Zoom Meeting)ဖြင့် ပြုလုပ်

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှုးရုံးများရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများ၊ ဝန်ထမ်းများနှင့် လစဉ်ပုံမှန်ပြုလုပ်လျက်ရှိသည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၁၅.၇.၂၀၂၅ ရက်နေ့တွင် Online (Zoom Meeting)ဖြင့် ပြုလုပ်ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ ဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီးဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများက လိုအပ်ချက်များ၊ အခက်အခဲများကို ဆန္ဒဖော်ထုတ်၍ တင်ပြကြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ ထိုဝန်ထမ်း ထုဆန္ဒ ဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online (Zoom Meeting)ဖြင့် ပြုလုပ်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှုးရုံးများရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများနှင့် လစဉ်ပုံမှန်ပြုလုပ်လျက်ရှိသည့် ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈.၇. ၂၀၂၅ ရက်နေ့တွင် Online (Zoom Meeting)ဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြ ကြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ ထိုရုံးလုပ်ငန်းအစည်းအဝေးသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့် မြို့နယ်တာဝန်ခံများ၊ ဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

         

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/ ၂၀၂၅) အား ကျင်းပ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ပဲခူးတိုင်းဒေသကြီး၏ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၅)အား ၄.၇.၂၀၂၅ ရက်နေ့တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေး ရာဝန်ကြီး တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

      ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးနှင့် တာဝန်ခံဦးစီးအရာရှိများက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စီးပွားရေးရာဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ ဝင် ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေး

 ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်၊  ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၈.၇.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ အချိုရည် များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ရောင်းချလျက်ရှိသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ရာ မြို့နယ်တာဝန်ခံက ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကိုလည်း မြန်မာဘာသာဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိလျှင် စားသုံးသူကာကွယ် ရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ကျောက်တံခါးမြို့နယ် စည်ပင်သာယာဈေး အတွင်း ရောင်းချလျက်ရှိသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် အာဇာနည်နေ့အကြို ဟောပြောပွဲ ကျင်းပ

 ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၊  ကုန် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စိတ်ရောကိုယ်ပါ ဆောင် ရွက်လျက်ရှိရာ ၁၈.၇.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေး (၈) ချက်နှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို အသိပညာပေးဟော ပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် မိတ်ဖက်ဌာနဖြစ်သော ဒိုက်ဦးမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်၊ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက်များအကြောင်း၊ စားသုံးသူအခွင့် အရေး(၈)ချက်အကြောင်းဟောပြောခဲ့ပြီး၊ အာဇာနည် (၉)ဦးနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်း၊ အာဇာနည်နေ့၏ အရေးပါပုံတို့ကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသူ/ကျောင်းသား (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ပဲခူး)

မြို့သစ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင် အား  (၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဆေးဝါးအရောင်းဆိုင်များ ဆေးရောင်းခွင့် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ သက်တမ်းတိုးထားခြင်းရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါး များရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေး‌ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် တာဝန်ခံသည် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ