Main menu

လှိုင်သာယာမြို့နယ်ရှိ Super Market တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

       (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်ရှိ City Mart Supermarket နှင့် Sein Gay Har Super Center တို့တွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)