Main menu

မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့မှ ဆန်သိုလှောင်ရုံများအား  ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၈.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မွန်ပြည်နယ်ဆန်ကုန်သည်အသင်း၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပါဝင်သော ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့သည် မော်လမြိုင်မြို့၊ ဈေးကြိုပွဲရုံအတွင်းရှိ ဆန်သိုက်ဆန်ဆိုင်၊ မေတ္တာမွန်ဆန်ဆိုင်၊ သစ္စာဆန်ဆိုင်၊ ရွှေဝါဆန်ဆိုင်၊ အောင်သစ္စာဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက်အတွင်း အချိန်မီထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များအား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

  DOCA (မွန်)