Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်ခရိုင်သို့ ဆီကား ရောက်ရှိလာ

  မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်သည် မြိတ်ခရိုင်အတွက်လိုအပ်သော ဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၃.၈.၂၀၂၅)ရက်နေ့တွင်  Yadanarbon Global Network Distribution ကုမ္ပဏီမှဝယ်ယူ၍ မော်တော်ယာဉ်အမှတ် 2F-2205ဖြင့် စားအုန်း ဆီ ပေပါ (၄၀) တို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ ကြောင်း သိရှိရပါသည်။

   အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်လက်လီဆိုင်များသို့ခွဲဝေ‌ရောင်းချပေးမည်ဖြစ်ပြီး ၎င်း တို့မှ တစ်ဆင့် ပြည်သူများသို့ ဖြန့်ဖြူး‌ရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ အ‌အေးခန်းလုပ်ငန်းရှင်နှင့် တွေ့ဆုံ

    ၂၃.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အ‌အေးခန်းသို လှောင်ရုံလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အအေးခန်းသိုလှောင်ရုံများတည်ဆောက်ထားရှိမှုအခြေ အနေ၊ သိုလှောင်ထားရှိမှုအခြေအနေများအား ဆွေးနွေးရာ လက်ရှိအချိန်တွင် အအေးခန်း သိုလှောင်ရုံ (၄) ခန်းကို တည်ဆောက်သိုလှောင်ထားရှိကြောင်း၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်အလှပ်ကျေးရွာများမှ ငါးခြောက်များကို အောက်တိုဘာလမှ မေလအထိ ဝယ်ယူ စုဆောင်းကာ အအေးခန်းများ၌ သိုလှောင်ထားရှိပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ မိုးတွင်း ကာလများတွင် ထုတ်ရောင်းကြောင်း၊ ငါးခြောက်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ ယခုလက်ရှိအချိန်တွင် ငါးခြောက်များကို ထုတ်ရောင်းနေပြီးဖြစ်သဖြင့် လက်ကျန်များ လျော့နည်းနေကြောင်း၊ ပွင့်လင်းရာသီတွင် ငါးခြောက်ပိဿာချိန် ၅ သိန်း‌ကျော်ထိ သိုလှောင် ထားနိုင်ပြီး ယခုအချိန်တွင် ပိဿာ ၁ သိန်းကျော်သာ ကျန်ရှိကြောင်း၊ ငါးခြောက်များကို မွန်ပြည်နယ်အတွင်းနှင့် ရန်ကုန်မြို့များသို့ ပို့ဆောင်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

          ယခုကဲ့သို့ ငါးခြောက်များကို အအေးခန်းသိုလှောင်ရုံများတွင် သိုလှောင်ထားခြင်းဖြင့် မှိုနှင့်ပိုးမွှားများကင်းစင်ကာ သန့်ရှင်းလတ်ဆတ်မှုရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တာဝန်ခံသည် ဆပ်ပြာဆီလုပ်ငန်းရှင်တွေ့ဆုံ

            စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများ နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေး ခြင်းများကို လစဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၃.၉.၂၀၂၅ ရက်‌နေ့တွင် ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၂) ပန်ကန်ဆေးဆပ်ပြာဆီ တစ်နိုင်တစ်ပိုင် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

  ထိုသိုတွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းမှ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်များအား အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးသူကာကွယ်ပေး‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

     ၁၈.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးက ပြည်သူများ၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန(တာဝန်ခံ) ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့ပေါ်ရှိ ဆေးဆိုင်များ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   ၂၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီး ဌာန၊ မော်လမြိုင်ခရိုင်၊ ကျိူက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျိုက်မရော မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ကျိုက်မရောမြို့ပေါ်ရှိ ဆေးဆိုင် များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကို စစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှ ဝယ်ယူရရှိပြီး ဝယ်ယူသော ပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှု မရှိစေဘဲ မိမိတို့ လိုအပ်သော ဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျောက်ပန်းတောင်းမြို့ စံပြမူလွန်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှ စံပြ အခြေခံပညာ မူလ တန်းလွန်ကျောင်းတွင် (၁၁.၉.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀နာရီ အချိန်တွင် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြန္တာထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်းစားသုံးသူကာကွယ် ရေးဥပဒေနှင့် ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းသား/ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နောက် မြို့နယ်တိုင်းရင်းဆေးနှင့်မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ က သက်ဆိုင်ရာ ဌာနအလိုက် အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၆)ဦး၊ ဆရာ/ ဆရာမ(၁၄) ဦး၊ ကျောင်းသား/ ကျောင်းသူ (၄၀၀)ဦး၊ စုစုပေါင်း (၄၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာချင်းဆက် လမ်းဘေးဝဲယာများ၌ စုပေါင်းသစ်ပင်စိုက်ပျိုး

   ၂၂.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သဲဖြူကုန်းကျေးရွာအုပ်စုရှိ နတ်စင်ကုန်း-ကန်ဖြူကျေးရွာချင်းဆက်လမ်းဘေးဝဲယာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ သဲဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နှင့်ရပ်မိရပ်ဖများက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

   ထိုသို့ စိုက်ပျိုးရာတွင် မန်ဂျန်ရှား (၁၀၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ စုစုပေါင်း ပျိုးပင် (၂၀၀) အားစိုက်ပျိုးခဲ့ကြသည်။ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များစိုက်ပျိုးခြင်းဖြင့်၊ ရေရှားပါးခြင်းအပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ကျေးရွာ ချင်းဆက်လမ်းများအား စိုက်ပျိုးခဲ့ကြောင်းသိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

  ၂၂.၉.၂၀၂၅ ရက်နေ့ နံနက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာ သောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ပေါင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင် များနှင့်တာဝန်ရှိသူများ  ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူတို့ ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ပဲ၊ အာလူး၊ ဆီစသည့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခြင်း၊ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။ အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြပြီး စက်တင်ဘာလ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

၂၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးခန်းမ၌ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည် များကိုသာ ရောင်းချရန်၊ စားသုံးသူများ သတိထားရမည့်အခြေခံအချက်များအား ပြည့်စုံစွာ ဖော်ပြရန်၊ လုပ်ငန်းရှင်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံ တင် လျှောက်ထားကြရန်နှင့် မှတ်ပုံတင်လျှောက်ထားပါက မဖြစ်မနေပူးတွဲလျှောက်ထားရန် လိုအပ်သည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်မြို့မှ စားအုန်းဆီကုမ္ပဏီများ စားအုန်းဆီလာရောက်ရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

   ၁၅.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ရန်ကုန်မြို့၊ Kaung Hlyan New Asia ကုမ္ပဏီနှင့် Myat Ah Kan ကုမ္ပဏီတို့မှ မြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဘီးလင်းမြို့နယ် လက်လီကိုယ်စားလှယ်များထံသို့ (၁၂.၉.၂၀၂၅) ရက် နေ့တွင် ခွဲတမ်းရစားအုန်းဆီ (၄၄) ပေပါအား မော်တော်ယာဥ်များဖြင့် သယ်ဆောင် ရောက်ရှိခဲ့ပြီး (၁၃.၉.၂၀၂၅‌) ရက်နေ့မှ လက်လီကိုယ်စားလှယ်များမှ ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများသို့ စတင်ဖြန့်ဖြူး ရောင်းချခဲ့ပါသည်။

          ထိုသို့ စားအုန်းဆီများ ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် (၁၄.၉.၂၀၂၅)ရက်နေ့၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အခွန်လွတ်စျေး၌ စားသုံးသူပြည်သူများသို့ ရောင်းချနေရာသို့ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးခေါင်းဆောင် သော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တို့သည် လက်လီကိုယ်စားလှယ်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် ပြည့်/မပြည့်၊ ဝယ်ယူစားသုံးသူ ပြည်သူများ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် ရောင်းချရက်စွဲ၊ ပိဿာချိန်၊ ရောင်းချသည့်စျေးနှုန်းနှင့်ရောင်းချသူအမည်တို့ ပါဝင်သော ဖီနိုင်းချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူ များမှ သက်သာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာအဆင်ပြေ နေကြောင်းတို့ကို သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ