Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)  သည် ၂.၁၀.၂၀၂၅ ရက်နေ့၊ ၁၂:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုံရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Lucky (မုန့်တိုက်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lucky အမှတ်တံဆိပ်ပါ ကိတ်ခြောက် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးဘရန်မွန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၂.၁၀.၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော Forever (စတိုးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိုမို အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပြည့်စုံစွာ ဖော်ပြပါရှိ ကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်လက်(ချ်)မီ အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မြိတ်မြို့သို့ ရန်ကုန်မြို့ရှိကုမ္ပဏီများမှ ကိုယ်စားလှယ်သို့ရောင်းချသည့် စားအုန်းဆီများ ရောက်ရှိ

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့၊ မွန်းလွှဲ(၂း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ဆောင်ရေးဖြင့် ရန်ကုန်မြို့ရှိ Lwin Maung Maung ကုမ္ပဏီမှ မြိတ်ဆီကိုယ်စားလှယ်သို့ ယာဥ်အမှတ် 1M-2875 ဖြင့် တင်ဆောင် လာသော စားအုန်းဆီ ၁ပေပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၅၆ ပေပါသည် ရောက်ရှိ လာခဲ့သဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ပါသည်။ အဆိုပါစားအုန်းဆီ ပေပါ ၅၆ အား မြိတ်ဆီကိုယ်စားလှယ်မှ အထိုင်ရောင်းချနေသည့် ဆီဆိုင် ၄၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။   

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် NEWLINK internet ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အတူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ဖြင့် မြိတ်မြို့၊ အမှတ်(၂၄)၊ ကန်ဖျားလမ်း၊ ကန်ဖျားရပ်ရှိ NEWLINK အိမ်သုံးဖိုင်ဘာအင်တာနက်လုပ်ငန်းသို့ အင်တာနက်ဝန်ဆောင်မှု နှင့်ပတ်သက်၍  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

    ကွင်းဆင်းစစ်ဆေးရာတွင် အင်တာနက်ဝန်ဆောင်မှုသည်ဆက်သွယ်ရေးကဏ္ဍအား လုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့်ပါဝင်သည့်အတွက် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင်ဗီနှိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်နှင့် စားသုံးသူများ၏အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက် နာရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာချုပ်စာတန်းများဆောင်ရွက်ထားရှိမှုနှင့် call center များ ထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

      စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစား  သောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ စားအုန်းဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂.၁၀.၂၀၂၅ ရက်နေ့ တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. RM 2 V.11/25 သင်္ဘောဖြင့် ROS (1,2) ဆီကန်သို့  1900 MT ၊ LL (F)  ဆီကန်သို့ 1350 MT ၊ HTOO (1) ဆီကန်သို့ 400 MT ၊  HTT (1) (4)  ဆီကန်သို့ 1350 MT ၊ စုစုပေါင်း တန်ချိန်(5000) ဝင်ရောက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂.၁၀၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့်ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ် ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

သိန်းဦးဆိပ်ကမ်း နှင့် ချောင်းဝဆိပ်ကမ်းရှိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၃၀.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များဖြစ်သည့် ကြက်စာ၊ ကုန်မျိုးစုံ၊ ကြက်သွန်နီအိတ်၊ ခေါက်ဆွဲခြောက်ဖာ၊ ဆန်အိတ်၊ ကော်ဖီမစ်၊ လက်ဖက်ခြောက်၊ ဆပ်ပြာဖာ၊ အချိုရည်ဖာများအား  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၁.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဘုရင့်နောင်ဆိပ်ကမ်း နှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်း အဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ် ဖွဲ့နှင့် ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ် ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

     စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည် သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူ စားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၃၀.၉.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. MESON V.16/25 သင်္ဘောဖြင့် ROS.1 ဆီကန်သို့  1100 MT ၊ ROS.3  ဆီကန်သို့ 1200 MT ၊ OIS.10 ဆီကန်သို့ 1500 MT စုစုပေါင်း တန်ချိန်(3800) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့၊ နံနက်(၁၁း၄၅) နာရီအချိန်တွင် စားသုံးသူ‌ရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ် ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက် ၍ပါဝင်ရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်

 

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ