
( ၇.၁၁.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေ အတွင်းရှိ ဖောင်းပြင်မြို့တွင် ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ အမှတ် ( ၈၇ ) အလယ်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းဆိုင်များအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသည့် အသင့်စား အစားအစာများ၊ ဖျော်ရည်များကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရှိရပြီး စာသင်ကြားနေသည့် ကျောင်းသား/သူများအနေဖြင့် အတုယူမှားစေသည့် ဆေးလိပ်ပုံ ချိုချည်များ၊ အရက်ပုလင်းပုံစံဖြင့် ထုတ်လုပ်ရောင်းချသည့် အချိုရည်ဗူးများ ရောင်းချရန်မပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား များအား မြန်မာစာဖြင့် ဖော်ပြပါရှိရမည့်အချက်များ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး သက်တမ်း နီးကပ်သည့် အစားအသောက်များ၊ သက်တမ်းလွန်အစားအသောက်များ မရောင်းချမိစေရန်အတွက် အထူးဂရုပြု ရောင်းချပေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
