Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“စဥ့်ကိုင်ရှိ ယုဝတီဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

           ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဩဂုတ်လ (၁၈) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ စဥ့်ကိုင်မြို့၊ ပလိပ်လမ်းဆုံရှိ ယုဝတီ ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်သို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် စဥ့်ကိုင်မြို့၊ ပလိပ်လမ်းဆုံရှိ ယုဝတီ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ် ရည်ညွှန်းဈေးများအား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လအတွင်း သတ်မှတ်ထားသည့်ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(မန္တလေး)         

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး Nature ပိန္နဲသီးခြောက်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

           မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၁၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်မြေရပ်၊ မြွေဘုရားအနီးရှိ Nature ပိန္နဲသီးခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေး၊ (Pre Market)ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် နေးချား ပိန္နဲသီးခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန်  အွန်လိုင်းဖြင့် ရောင်းချပါက www.doca.ecomreg.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ၊  မှတ်ပုံတင်လျှောက်ထားမှုမရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း  ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်အတွင်းရှိ Petro Net စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ(၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ ဘယ်လင်းကျေးရွာရှိ Petro Net စက်သုံးဆီအရောင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင် များအနေဖြင့် နိုင်ငံတော်မှ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းမြင့်တက်မှုမရှိစေရေး ၊ စက်သုံးဆီစျေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီရောင်းချသည့် ကုမ္ပဏီများမှလည်း သုံးစွဲသူပြည်သူများအား စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမရှိရန်လိုကြောင်း၊ အချင်အတွယ် မှန်ကန်စွာရောင်းချရန်နှင့်အရည်အသွေးကောင်းမွန် သောစက်သုံးဆီများကိုသာ ဝယ်ယူရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“စဉ့်ကိုင်မြို့နယ်ရှိ Asia သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စဉ့်ကိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သြဂုတ်လ (၁၈) ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ မြောက်ကိုင်ရပ်ရှိ Asia သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်း အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိက ပြောကြားရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်မှ ပြန်ရောက်လာသောဗူးခွံများကို အတွင်းအပြင်ကို နေ့စဉ်ဆေးကြောသန့်စင်ရန်လိုအပ်ကြောင်း၊  ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကောက်မရှင်မှထုတ်ပြန်ထားသော(၂/၂၀၂၉)ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာ ဖော်ပြလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှထုတ်ပြန်ထားသည့် လုပ်ငန်းလိုင်စင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ထုတ်ပြန်ထားသည့် လက်မှတ်များလိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“အနောက်သာဂရ အထကကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ အနောက်သာဂရကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောက်ဆည်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးစိုးမင်းထွန်းက စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆို နိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်အိအိဖြိုးက ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။  အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများအား စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းဝန်ဆောင်မှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေး

      ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနသည် အွန်လိုင်းမှတ်ပုံတင်ရရှိထားသောလုပ်ငန်းရှင်များကိုခေါ်ယူပြီး မြိတ် မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အသိပညာပေးဟောပြောဆွေးနွေးရာတွင် အွန်လိုင်းဖြင့် ရောင်းချပါက မိမိတို့ရောင်းချနေသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်၊ အာမခံချက်၊စသည်များကို တိကျစွာဖော်ပြထားရှိရမည်ဖြစ်ပြီး  မှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များအကြောင်း တို့ကိုရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ထိုနောက် အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရခြင်းနှင့် ရရှိနိုင်သည့်အခွင့်အရေးများအား ပြောကြားခဲ့ပြီး သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များအား  ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ ဘိလပ်မြေ စက်ရုံသို့ ကွင်းဆင်း

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင်  မြိတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့သွားရောက်၍ စျေးနှုန်းတည်ငြိမ်စေရေး ဘိလပ်မြေစျေးနှုန်းနှင့် ပစ္စည်းဝင်ရောက်နေမှုအခြေအနေများအား ကွင်းဆင်းခဲ့ကြပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင်  ကျန်ရှိသော လက်ကျန်ဘိလပ်မြေအခြေအနေ၊ ပစ္စည်းဝင်ရောက် နေမှုအခြေအနေနှင့် ‌စျေးနှုန်းများအားမေးမြန်းခဲ့ပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချစေရေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိ မြိတ်မြို့တွင် ဘိလပ်မြေတစ်အိတ်လျှင် ၂၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီးဦးစီးမှူးမှ MSME လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးသည် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် လုပ်ငန်းရှင်မှ တိုင်းဒေသကြီး MSME အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးဆွေးနွေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းဖွဲ့စည်းခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများ၊စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ‌ ရွှေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထား ဝယ်မြို့ပေါ်ရှိ ရွှေဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ရွှေစျေးနှုန်းများ စျေးနှုန်းမှန်ကန်စွာ ရောင်းချမှုအခြေအနေများ၊ အလေး ချိန်ပြည့်မှီ မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအား အတိုင်း ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ‌ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များမှရောင်းချလျက်ရှိသော စားသုံးဆီများအား အလေး ချိန်ပြည့်မှီ မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအားအတိုင်း ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ