
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း၌ ပြည်ခရိုင်တွင် ပြည်မြို့နယ်တွင် ဘုရားနီလမ်း၊ ဆင်စုရပ်ကွက်ရှိ၊ “ဘိုမ”လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်း၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်သိန်းသိန်းဌေး၏ “ခိုင်ရွှေပွင့်”ဆန်ဆိုင်လုပ်ငန်း၊ ရွာဘဲရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းရှိ ဦးဆန်နီ၏ “အဓိပတိ”ဆန်ဆိုင်လုပ်ငန်းနှင့် ဦးသပြေကြီး၏ “သပြေကြီး”ဆန်ဆိုင်လုပ်ငန်း သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် မြို့မကျေးရွာအုပ်စု၊ ဆင်ရှင်ရွာရှိ ဒေါ်အေးအေးသင်း၏ “ယက္ကန်းရွှေပြည်” စည်းလုံချည်လုပ်ငန်း သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင် ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏“ထက်အောင်” ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်း မြို့တွင် အမှတ်(၂)ရပ်ကွက်ရှိ ဦးအေးကြူ၏ “ဦးအေးကြူ”ဆန်စက် သို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
