Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီလက္ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၂.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် အမှတ်(၂)ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်ရှိ စားအုန်းဆီလက်လီ/ လက္ကားအရောင်းဆိုင်များအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၃)ကြိမ် ရောင်းချကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးဆီရောင်းချနေမှုများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

       ၁၉-၉-၂၀၂၅ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခွန်ကျော်ဌေး ဦးဆောင်သောဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့် တောင်ကြီးမြို့ပေါ်ရှိ ရည်ညွှန်းဈေးဖြင့်ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင် (၄)ဆိုင်တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ ပြည်သူများထံသို့ အမှန်တကယ် ရောင်းချမှုရှိ/မရှိ၊ စာရင်းဇယားများထားရှိမှုရှိ/မရှိ၊ ဗွီနိုင်းများချိတ်ဆွဲထားခြင်းရှိ/မရှိ စိစစ်ခဲ့ပြီး ထို့သို့ရောင်းချရာတွင်လည်း အလေးချိန်မှန်မှန်ကန်ကန် ရောင်းချပေးရန်နှင့် သတ်မှတ်ထားသော အမြတ်ရာခိုင်နှုန်းထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး စသည်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Onlineစနစ်ဖြင့် အိမ်ခြံမြေလုပ်ငန်းရှင်များအားအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

    ရှမ်းပြည်နယ်၊  တောင်ကြီးမြို့အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်     စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ‌‌ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒုတိယညွှန်ကြားရေးမှုး)သည် ၁၂.၉.၂၀၂၅ ရက်နေ့၊ နေ့လယ်  (၁၄:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင် (၃၂)ဦးအား  အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူ(ဒုတိယညွှန်ကြားရေးမှုး)က စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဝယ်ယူ ရာ  တွင်  စိစစ်သင့်သည့် အချက်အလက်များ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှု လုပ်ငန်းများ မှဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလာဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုများ ကို ဝယ်ယူရာ ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူ ရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများအားOnline မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်နှင့် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပ‌ဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

 

Talk Show ကျင်းပဆောင်ရွက်ခြင်း

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့မှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်အေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲ၌ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းညွှန့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်အေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်းစရာများအကြောင်းအား ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

အာလူးကြော်လုပ်ငန်းအား ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍    တာချီလိတ်မြို့နယ်၊  ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးရွာရှိ ကောင်းကောင်းတံဆိပ်အာလူးကြော် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကောင်းကောင်းတံဆိပ်အာလူးကြော်သည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊ ထုတ်လုပ်သည့်ရက်စွဲ/သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုစနစ်တကျဖော်ပြရန်နှင့်  စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

Grain & Edible Oil Co., Ltd (GEOS) ၏ ပြောင်းအခြောက်ခံစက်ရုံနှင့် ပြောင်းမျိုးစေ့ထုတ်လုပ်သည့်စက်ရုံဖွင့်ပွဲသို့ ပြည်နယ်ဦးစီးမှူးမှ တက်ရောက်

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန်၊ အမှတ်(၁၂)ရပ်ကွက်ရှိ Grain & Edible Oil Co., Ltd (GEOS) ၏ ပြောင်းအခြောက်ခံစက်ရုံနှင့် ပြောင်းမျိုးစေ့ထုတ်လုပ်သည့်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူနှင့် ဝန်ထမ်းများမှ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် စက်ရုံအဆောက်အဦအား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ယခုလို ပြောင်းအခြောက်ခံစက်ရုံကို တည်ဆောက်နိုင်ပြီဖြစ်၍ နိုင်ငံရဲ့ထွက်ကုန်တွေကို ကုန်ကြမ်းအစား ကုန်ချောများအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ပြီး ဝင်ငွေများများရမှာဖြစ်ကြောင်း၊ ဒါမှ မိမိတို့ သွားချင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အရင်းအမြစ်များစွာရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ပြောင်းကို မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသည့် ပြည်နယ်ဖြစ်သလို နှစ်စဉ်နှစ်တိုင်း ဒေသခံပြည်သူတွေအတွက် ဝင်ငွေ အများကြီးရရှိနေတဲ့ စိုက်ပျိုးရေးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အတွက်ကော နိုင်ငံအတွက်ကော ဖွံ့ဖြိုးတိုးတက်စေရန် များစွာအထောက်အကူဖြစ်စေတဲ့ စိုက်ပျိုးရေးလုပ်ငန်းသည် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူဖြစ်စေကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုနှင့် ဧရာဝတီမျိုးစေ့ကုမ္ပဏီ CEO ဦးသတိုးဟိန်း မှ  မြန်မာ့ဩဘာလုပ်ငန်းစု၏ ပြောင်းအခြောက်ခံစက်ရုံနှင့် သိုလှောင်ရုံများ၊ တောင်သူများနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ပြောင်းစိုက်ပျိုးခြင်း၊ ပြောင်းမျိုးစေ့ ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ အခမ်းအနားတွင် Grain & Edible Oils Co., Ltd မှ တာဝန်ရှိသူမှ စက်ရုံစီမံကိန်းနှင့်စပ်လျဉ်း၍ အမေရိကန်ဒေါ်လာ (၅)သန်းကျော်တန်ဖိုးရှိ အဓိကရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ စက်ရုံသည် ပြောင်းအစိုတန်ချိန် (၈၀၀)၊ အခြောက်ခံပြီးသော ပြောင်းတန်ချိန် (၂၀၀၀၀)အထိ သိုလှောင်နိုင်ကြောင်း၊ ပြောင်းအခြောက်ခံစက်ရုံသည် တစ်လုံး (၁)နာရီလျှင် (၁၅)တန်နှုန်းဖြင့် အပူပေးရန်အတွက် သဘာဝပစ္စည်းများကို လောင်စာအဖြစ် အသုံးပြုခြင်း၊ ပြောင်းလုပ်ငန်းသာမက ဆီထွက်သီးနှံများအတွက်လည်း အခွင့်အလမ်းပိုမိုရရှိစေမှာဖြစ်ကြောင်း လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါတယ်။

       ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့မှ စက်ရုံဝန်းအတွင်း လှည့်လှည်ကြည့်ရှု၍ အခမ်းအနားအား နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၂၀.၉.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ် ခမောက်စုအုပ်စု၊ ဘိုးဿညိုရိုးရွာရှိ အိမ်ထောင်စု များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှ ရောင်းချမှုရှိ/ မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/ မရှိ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကျေးရွာ/ ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု နှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောက်ရှိခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)

ရန်ကုန်တိုင်းဒေသကြီးရှိ Online Shop လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၂၅.၉.၂၀၂၅) ရက်နေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ကျောက်တံတားမြို့နယ်၊ အမှတ် (၃၂၅)၊ ဗိုလ်အောင်ကျော်လမ်း၊ (၉) ရပ်ကွက်ရှိHW Collection Online Shop လုပ်ငန်းနှင့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂၂၂)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၂) ရပ်ကွက်ရှိ ဒေါ်ကြည်သန်း(၂)ကို မင်းသူ Online Shop သို့ သွားရောက်၍ Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြံခင်းမြို့နယ် ဆန်စက်လုင်ငန်းရှင်များအား ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြော

               စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ကြံခင်းမြို့၊ တလိုင်းကွင်းအုပ်စု၊ ပေါက်တောကြီးရွာရှိ ဌေးကမ္ဘာဆန်စက်၌ ဆန်စက်လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး  ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်း ချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက် ရှိရာ မြို့နယ်အတွင်း/ မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန်များတင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ MyRo မှတ်ပုံတင် လုပ်ငန်းစဉ်တွင် ကုန်ရ၊ ကုန်ကျန်စာရင်းများ လစဉ်ထည့်သွင်းခြင်း၊ တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ် ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံးခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍    တာချီလိတ်မြို့နယ်၊  ပုန်ထွန်ရပ်ကွက်ရှိ ကြက်တံဆိပ်ပဲငံပြာရည်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ကြက်တံဆိပ်ပဲငံပြာရည်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ