Main menu

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

Powered by Drupal

                ၁၅.၁၁.၂၀၂၅ ရက် တနင်္ဂနွေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Myat Ah Kan CO. Ltd မှ လက်လီကိုယ်စားလှယ် ဒေါ်ညိုညိုချောမှ စားသုံးးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းရောင်းချခြင်း၊ သတ်မှတ်ပိဿာ အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၃၃၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)