Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်း ကောင်း၊ အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ အခြေအနေအား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

     ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၂၉ ရက် မွန်လွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်း ဦးဆောင်ကျင်းပပြုလုပ်သည့် (၉/၂၀၂၅) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ကန့်ဘလူခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက Virtual ဖြင့်တက်ရောက်ခဲ့ကြောင်း သိရသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရမည့် အချက်များကို တင်ပြ ပေးစေလိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ရိုင်းပင်ကူညီဖို့ လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဆန္ဒကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်လို့ရပြီး ဖော်ထုတ်ဖို့လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ရုံးပိုင်းဆိုင် ရာလိုအပ်ချက်များကို အမြဲလေ့လာပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စီးမံရေးရာဌာနခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချွန်က ယခင်လ အစည်းအဝေးဆုံဖြတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးများမှ အလှည့် ကျမိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံး ချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၄)ပေပါ(သို့) (၂၆၄၀) ပိဿာရောက်ရှိမှု အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာ သောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီ/လက္ကားဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီ လက်လီ/လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

“ သုံးခွမြို့နယ်အတွင်းရှိဈေးကွက်တွင်ရောင်းချနေသောထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ဈေးနှုန်းစာရင်းကောက်ယူခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူခြင်းအား၊ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူရာတွင် မြို့မဈေးအတွင်း/အပြင်ရှိ စားသောက် ကုန်ရောင်းချသော ရွှေငါး(မုန့်ဆိုင်)၊ ချမ်းသာပါစေ(မုန့်ဆိုင်)၊ ဦးစောပြန်(မုန့်ဆိုင်)နှင့် ဒေါ်ရွှေနှင်း မှုန်ဝင်း(မုန့်ဆိုင်)ရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများ ယခင်အပတ်ဈေး၊ ယခုအပတ်ဈေး နှုန်းများ စာရင်းကောက်ယူခြင်း၊ လူသုံးကုန်ပစ္စည်းများ ရောင်းချသော မစန္ဒာ (အလှကုန်)ဆိုင်၊ မရီရီထွေး (အလှကုန်ဆိုင်)နှင့် အချိုရည်အမျိုးမျိုးရောင်းချသော ဒေါ်ခင်ခင်မြင့်ဆိုင်၊ ဦးဝင်း အောင်ကျော်ဆိုင်များတွင် ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ အချိုရည်များ၏ ယခင်အပတ် နှင့် ယခုအပတ်ဈေးနှုန်း ကွာခြားမှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးစာရင်း ကောက်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                   

“ ခရမ်းမြို့နယ်၊လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင်ကျောင်းမုန့် ဈေးတန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကျောင်းနေအရွယ်ကလေးငယ်များအား အန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရေးနှင့် ထိခိုက်နစ်နာမှုများ မဖြစ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျှက်ရှိသော အစားအစာများအား စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမုန့်ဈေးတန်းတွင်  စက်တင်ဘာလ (၃)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမျက်ချယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ် ထက်တို့ပူးပေါင်း အဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျှက်ရှိသော အသင့်စားမုန့်များတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများ ဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အား ဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဈေးဆိုင်ပိုင်ရှင် များအား ကလေးငယ်များ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကလေးကစားစရာများကို ရောင်းချမှု မပြုလုပ်ကြရန်နှင့် အသီးအနှံနှင့် အသုပ်စုံများ ရောင်းချရာတွင်လည်း ယင်နားမှု မရှိစေရေးအတွက် လုံခြုံစွာ ဖုံးအုပ်ပြီး ရောင်းချကြရန်၊ အမှည့်လွန်နေသော သစ်သီးများအား ရောင်းချမှု မပြုလုပ်ကြရန်တို့အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

“ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီလက်ကားအရောင်းကိုယ်စားလှယ်များ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်များမှ စားအုန်းဆီများ လက်လီလက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရမ်းမြို့နယ်၏ ဆီထုတ်ကိုယ်စားလှယ် ဦးရဲဝင်းကျော်၊ ဦးရဲထွန်းတို့၏ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်း ချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ယူပြီး ဒေသအရောက် အရင်းဈေး ၂%အမြတ်၊ ဒေသ အတွင်း သယ်ယူစရိတ် ခေါက်တို၊ ခေါက်ရှည်နှုန်းထားများပါဝင်ပြီး လက်ကားဖြန့်ဖြူးဈေး၊ လက်လီဖြန့်ဖြူးဈေးများအား စစ်ဆေးခဲ့ကြပြီး သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချကြရန်နှင့် စားအုန်းဆီများ ဖြန့်ဖြူးရာတွင် လက်ကားလက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်မှန်ဖြင့် မှန်(၆)မှန်တိုင်း အလေးထား ဖြန့်ဖြူးရောင်းချကြရန် မသမာမှုများ ပြုလုပ်ပြီး ဈေးကစားရန် ရည်ရွယ်၍ ဆီများသိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင် ခြင်းများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                     

“ ခရမ်းမြို့နယ်လက်ပန်တန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း”

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များ ကိုသိရှိလေ့လာနိုင်ခွင့် ရရှိစေရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကို စီမံချက်များ ရေးဆွဲ၍ လစဉ်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၊ လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်းတွင် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အသိ ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် လက်ပန်တန်းကျေးရွာ၊ အခြေခံမူလတန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမျက်ချယ်က အဖွင့်အမှာစကား ပြောကြာခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သဘာဝလေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်လမြတ်ထက်က တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များအား အသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာ ဝန်ခံ ဒေါ်ကျော့ကေခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းထားရှိမှု ဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအား အသိပညာပေးခြင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို မိမိတို့ ကိုယ်တိုင်ဖြစ်စေ၊ Onlineမှမှာယူ၍ဖြစ်စေ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် အချက်များနှင့် နစ်နာဆုံးရှုံးမှုများ ရှိလာလျှင် တိုင်ကြားနိုင်သည့် အခွင့်အရေးများ ရှိသည့်အတွက် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အာမခံ ကဒ်များ ပြေစာ အထောက်အထားများ ရယူထားရှိဖို့ လိုအပ်ကြောင်းနှင့် စားသုံးသူနစ်နာမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ Call Center No. 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင် ပြီး စားသုံးသူနှင့် ပတ်သတ်၍ သိရှိလိုသွားသော အသိပညာဗဟုသုတများကို အခြားသူများအား ပြန်လည်မျှဝေပေးစေလိုပါကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

“ ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများဆောင်ရွက် ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကို လစဉ်ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လည်(၁၄:၂၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က တော်လန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော စာဖတ်ရှိန်မြှင့်ရေးလှုပ်ရှား မှုအခမ်းအနား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်ပြည့်ဝစေရန် စာဖတ်ကြရန်လိုကြောင်း၊ ကျောင်း သင်ခန်းစာများအပြင် သုတ၊ ရသ၊ စာပေများကို လေ့လာဖတ်ရှု့ရန် လိုအပ်ကြောင်း၊ ယခုခေတ် တွင် AI နည်းပညာများ ခေတ်စားနေပြီဖြစ်၍ အမှား/အမှန်ခွဲခြား သိမြင်နိုင်ရန် စာများများဖတ်ရန် လိုအပ်ကြောင်း  ဟောပြောခြင်း၊ တိုင်းရင်းသားပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက ပတ်ဝန်းကျင်မှ အလေ့ကျပေါက်သောအပင်များတွင် ဆေးဖက်ဝင်သော အပင်များရှိကြောင်း၊ အိမ်တွင် အလွယ်တကူ ရနိုင်သော ကွမ်းရွက်များ၏ ဆေးဖက်ဝင်ပုံများ အကြောင်းတို့ကို ဟောပြောခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းဆိုင်ရာ အချက်အလက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှတစ် ဆင့်ဈေးဝယ်ယူခြင်းနှင့် ပတ်သတ်၍ သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ကြ သည်။

      အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲပြီးချိန်တွင် အ.ထ.က တော်လန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ Consumer Call Center No.1535 သို့ လက်တွေ့ ခေါ်ဆိုမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)                                                                                    

 

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၄.၉.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်း များဖြစ်သော သိန်းဦးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ် ကမ်းနှင့်၊ ဝါးတန်းဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်း ရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ