
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့ပေါ်ရပ်ကွက်နှင့် ဈေးများအတွင်း အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသည့် အမျိုးအမီး၊ အမျိုးသား သုံးအလှကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ၊ တားမြစ်အလှကုန်များ ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တားမြစ်အလှကုန်များ ဓနုဖြုမြို့နယ် ဈေးကွက်အတွင်း ရောင်းချမှု မရှိစေရန် စစ်ဆေး ဆောင်ရွက်ရာတါင် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှတာဝန်ရှိ သူများသည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ် စားသုံးသူရေး ရာဦးစီး ဌာနမှဝန်ထမ်းများနှင့် ပူးပေါင်း၍ (၂၀၊ ၁၁၊ ၂၀၂၀) ရက်နေ့တွင် မြို့ပေါ်ရှိ စတိုးဆိုင် (၁၁) ဆိုင်ကို ကွင်းဆင်း၍ သုံးစွဲရန်မသင့်ဟုထုတ်ပြန်ထားသော အလှကုန်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးတွေ့ရှိခဲ့ရပြီး လုပ်ငန်း ရှင်များကို အလှကုန်နှင့် ပတ်သက်၍ အန္တရာယ်ကင်းရှင်မှု မရှိသော ကုန်စည်သုံးစွဲမိပါက ဘေးအန္တရာယ် ရှိသောဆိုးကျိုးအကြောင်းကို ရှင်းလင်းခြင်း စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်တာဝန်အကြောင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ ဌာန၏ အမိန့်၊ ညွှန်ကြားချက်ကို ဆိုင်ရှင်များသိရှိနိုင်ရန် မှာကြားဆွေး နွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
