Main menu

မြန်အောင်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍(၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရုံးပွဲ လမ်း၊ အမှတ်(၅)ရပ်ကွက်နှင့် ကြာနီကန်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ ဇင် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး နှင့် အောင်ကမ္ဘာ  ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ /မရှိနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင်စစ်ဆေးတွေ့ရှိချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြု သော ဘိလပ်မြေ၊ သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ  အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ မြန်အောင်မြို့နယ်တွင် စက်ရုံမှ ဘိလပ်မြေများ ဝင်ရောက်မှုရှိသဖြင့် ပုံမှန်အရောင်းအဝယ် ဖြစ် လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊  ပစ္စည်းပြတ်လပ်မှုမရှိဘဲ ဒေသတွင်းသုံးစွဲမှု လုံလောက်ကြောင်း စိစစ်တွေ့ရှိရ သည်ဟု သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)