
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများအား အရည်အသွေးပြည့်ဝမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဦးတင်အေးဆိုင်၊ ဒေါ်တင်တင်အေး ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက် ပါရှိမှု ရှိ၊ မရှိ၊ အရည် အသွေး ပြည့်ဝမှု ရှိ၊ မရှိ၊ ကုန်အညွှန်အမှတ်အစားဖော်ပြချက် ကိုက်ညီမှု ရှိမရှိ အရည်အသွေး စံသတ်မှတ်ချက်များ ပြည်မှီမှု ရှိမရှိကို ကို ကွင်းဆင်းစစ်ဆေး၍ ရောင်းချသောလုပ်ငန်းရှင်များကို လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများ နေ့စဉ်ဝယ်ယူ စားသောက်သုံးစွဲနေသည့် ကုန်စည်များကို ဦးစားပေးကုန်စည် ၁၀မျိုးသတ်မှတ်၍ ကျန်းမာရေးနှင့် ကိုက်ညီမှုရှိစေရေးအတွက် အပတ်စဉ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
