Main menu

မြန်အောင်မြို့နယ် ပြုပြင်ထုတ်ပိုးထားသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသည့်ပြန်လည်ပြုပြင်ထုတ်ပိုးထားသော  အသင့်စားသောက်ကုန်စည်အမျိုး မျိုးအား ကုန်အညွှန်းအမှတ်အသား‌ဆိုင်ရာဖော်ပြခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ  ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန် များ၊ ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဈေးကွက် အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများနှင့်လွယ်ကူစွာဝယ်ယူနိုင်ရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေ ရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ အသင့်စားသောက်ကုန်စည်အမျိုးမျိုးတွင် ကုန်စည်အမျိုး အစားအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာရောင်းချလျက်ရှိကြောင်း၊ ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)