Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“တံတားဦးခရိုင်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်း”

               ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၃၀)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ တံတားဦးခရိုင်ရှိ စားသုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှသတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များ အနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း ၊ထို သို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

                             

      

“ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို  အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ တာဝန်ရှိသူများ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုး၊ ဇာနည်ဆေးစတိုးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း /အပြင်ရှိ ဆေးဆိုင်များအား ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသား တွင် ဖော်ပြရမည့်အချက်များ ပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန် ယခုဘဏ္ဍာနှစ်အတွင်း ဈေး ကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား(၁၀)မျိုးအား သတ်မှတ်ကာလများ အတိုင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“My RO တွင် ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန်စာရင်းများဖြည့်သွင်းနိုင်ရေးကွင်းဆင်းအသိပေး”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး တံတားဦးမြို့နယ်ရှိ ရွှေချိန်ခွင်ဆန်စက် သို့  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Onlin My RO)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀) နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင် သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါး သိုလှောင်မှုလုပ်ငန်းစဉ်များ၏  ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန် စာရင်းများအား လစဉ်၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့်လိုက်နာဆောင်ရွက်မှုမရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

 

“စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဝက်သား၊ အမဲသား၊ ဆိတ်သားဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

   စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေးကြီး ဒေါ်သဲစုရီ၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဝက်သား၊ အမဲသား၊ ဆိတ်သား ဖြန့်ဖြူးရောင်းချလျက်ရှိသော ဦးခင်မောင်ဝင်း ဝက်သား ဆိုင်၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင် များအား မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း အလေးချိန်ခွင်၊ ကတ္တား၊ မှန်ကန်စွာ ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချကြရန် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှုမရှိစေရေး နှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အလေးထားလိုက်နာဆောင်ရွက်သွားကြရန် စားသုံး သူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ရောင်းချလျက်ရှိသော ဝက်သား၊ အမဲ သား၊ ဆိတ်သားတို့၏ ဈေးနှုန်းများအား ဈေးဝယ်လာသူများထံ မေးမြန်းစုံစမ်း စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ရောနှောဆီအပါအဝင်အမှတ်တံဆိပ်ပြည်တွင်းထုတ်စားသုံးဆီများဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ ကုန်ခြောက် ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန် ခံ ဦးအေးသွင်တို့သည် မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ တာလမ်းသစ်ရပ်ကွက်၊ မကျီးတန်း ရပ်ကွက်နှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစးသောက်ကုန်ပစ္စည်း အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဈေးဆိုင်များ၌ စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များမှ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြရန်ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုညွှန်ကြား ချက်အမှတ်(၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး သက်ဆိုင် ရာစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက်( Vegetable Oil Cooking Oil) ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိရမည်ဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်ခြင်းများ မရှိသည့်အတွက် စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်း ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိ သော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၉-၉-၂၀၂၅)ရက်နေ့  နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်စုစုပေါင်း(၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းမှစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာ ဖြင့်ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဦးမျိုးထွန်းမှထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူးစားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေး ခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄:၁၅)နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ဦးသိန်း-ဒေါ်တင်ဝိုင်းဆန်ဆိုင်၌ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်များရောင်းချမှုရှိ/ မရှိကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)  ဦးဆောင်၍ ၄၅ လမ်းပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးသိန်း-ဒေါ်တင်ဝိုင်း ဆန် အရောင်းဆိုင်သို့ ၂၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်လက်လီ/ လက်ကားအရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ၇၄၇ဆန် (၂၄) ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၉၀၀၀) ကျပ် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံ တင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၂.၉.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့ရှိ ဈေးကွက်များအတွင်းတွင်  Dumex Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိ/မရှိအား ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရောင်းချခြင်းများမရှိကြောင်း စိစစ်တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်စည် အတုအပများ၊ ဥပဒေပါပြဌာန်ချက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များ၊ တရားမဝင်ကုန်စည်များအား ရောင်းချမှုမပြုရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ ထူးပြည့်အာလူးကြော်လုပ်ငန်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လာရောက်တွေ့ဆုံ

          စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ သတ်မှတ်ချက်များနှင့် အညီထုတ်လုပ်စေနိုင်ရေးတို့အတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်ခြင်းများဆောင်ရွက်လျက်ရှိရာ (၂၄.၉.၂၀၂၅) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ရှိ ''ထူးပြည့်'' အာလူးကြော် လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

        လုပ်ငန်းရှင်အား မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) က ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

“ ကော့မှူးမြို့နယ်ရှိဆန်ဆိုင်များတွင်ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး”

စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးကွက်ဈေးနှုန်း များအတိုင်း ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူး မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်တို့အား အောက်တို ဘာလ(၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်း များ ပူးပေါင်းအဖွဲ့ဖြင့် မကျီးတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် မြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်ပေးလျက်ရှိရာ ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း များမပြုလုပ်ကြရန်နှင့် ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ