Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ၆.၁၀.၂၀၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကန်ကြီးမင်္ဂလာ ကန်တော်၌ ကျင်းပသည်။

   မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ် အတွင်း လှေလှော်အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များမှ လှေလှော်အသင်း (၁၀) သင်းက ပါဝင် ယှဥ်ပြိုင်လှော်ခတ်ခဲ့ကြပြီး ဗိုလ်လုပွဲစဥ်တွင် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ် လှေလှော်အသင်းတို့က အကြိတ်အနယ်ယှဥ်ပြိုင်လှော်ခတ်ကြ၍ မာရဇိန်လှေလှော်အသင်းက အနိုင်ရဗိုလ်ဆွဲခဲ့သည်။

   ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ကန်ကြီးစေတီတော် သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တ ကေတုဝါရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးပြည်သိမ်း နှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမဆု (တံခွန်စိုက်ဒိုင်း)၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် တစ်ဦးချင်းဆုများ၊ ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့နယ် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်တွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော် ပွဲကျင်းပ

   ၆.၁၀.၂၀၂၅ ရက်နေ့တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ရင်ပြင်၌ ဆီမီး ၉၀၀၀ ကပ်လှူထွန်းညှိ ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

     ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သြဝါဒါစရိယ ဆရာတော် (၁၃) ပါးထံမှ ဧည့်ပရိသတ်အပေါင်းက သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြင့် ဓမ္မဒူတ ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လမှ မဟာပဋ္ဌာန်းအမွှမ်းနှင့် ဘုရားပင့်ဂါထာအား ရွတ်ဖတ်ပူဇော်၍ ဆရာတော် သံဃာတော်များနှင့်အတူ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့သူမြို့သားများက ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

   ထို့နောက် သြဝါဒါစရိယ ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေကာ မြန်မာ့ရိုးရာအစဥ်အလာအရ မီးပုံး ပျံများ လွှတ်တင်ပူဇော်ကြကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ မိုးစပါးဆစ်ပိုး ကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးစပါးဆစ်ပိုးကာကွယ်နှိမ်နင်းခြင်း ကွင်းသရုပ်ပြပွဲကို ၂.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာများ၌ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများနှင့်အတူ တောင်သူများ ဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က မိုးစပါးများတွင်ကျရောက်တတ်သော စပါးဆစ်ပိုးများမှ ကာကွယ်နှိမ်နင်းရန်အတွက် တောင်သူ များပိုးသတ်ဆေးနည်းစနစ်မှန်ကန်စွာ သုံးစွဲတတ်‌စေရေးနှင့် မိုးစပါးတွင် ဆစ်ပိုးကျရောက်မှု မရှိစေရေးအတွက် ပိုးသတ်ဆေးကြိုတင်ပက်ဖျန်းခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြခြင်း ကို ရွာတန်းရှည်ကျေးရွာရှိ တောင်သူဦးဟန်ဝင်းအောင်၏လယ်မြေ ကွင်းအမှတ် (၇၆၂)၊ ဦးပိုင်အမှတ် ၃၀/၂ နှင့် ဖြူဘကျေးရွာရှိ တောင်သူ ဦးသန်းထွန်း၏လယ်မြေ ကွင်းအမှတ် (၇၇၂)၊ ဦးပိုင်အမှတ် ၃၀/၃ တို့တွင်ဆောင်ရွက်ခဲ့ရာ ကျေးရွာတစ်ရွာလျှင် တောင်သူ (၄၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ကတွန်ကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ သဲဖြူကုန်းကျေးရွာတို့တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံ ကွင်းဆင်းစစ်ဆေး

   မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ၁.၁၀.၂၀၂၅ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များသည် သတ်မှတ်ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြပြီး မဲစာရင်းများအား သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သူများအား ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်‌ရေး၊ မပါဝင်သင့်သူများပါဝင် နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေး အခြေအနေ များကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ပေါင်မြို့နယ်အနေဖြင့် မြို့‌ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း (၁၀၇၀၄၉) ဦး ရှိပြီး လျာထားမဲရုံပေါင်း (၉၀) ရုံရှိကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၁.၁၀.၂၀၂၅ ရက်နေ့ နံနက်(၀၉း၀၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

   ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၇၂၃၆) ကျပ်၊ ကြက်ဥ (၄) လုံး (၁၅၀၀) ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

  အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

DOCA (မွန်)

မုံရွာမြို့၊ စက်မှုဇုန်ရှိ စက်ရုံများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်စန်းစန်းဝေနှင့် ဝန်ထမ်းများ၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၆.၉.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်တွင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒေါ်စန်းစန်းဝေ(ဦးစီးမှူး)မှ  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော တိုဟူးကျိုပဲမှုန့်နှင့် ပဲကျက်မှုန့်များတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံ စွာဖော်ပြထား သောကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုဒုံမြို့နယ်တွင် မိုးစပါးများ ဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါးနဂျီ လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးများဆစ်ပိုးကာကွယ်နှိမ်နင်းရေးအတွက် ဥကပ်ပါး နဂျီ (Trichogramma) လွှတ်ပေးခြင်း ကွင်းသရုပ်ပြပွဲကို ၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီက ကျောက်တလုံးကျေးရွာရှိ တောင်သူ ဦးရာဂျူး၏ လယ်ကွင်းအမှတ် (၈၂၈) တွင် ပြုလုပ်ခဲ့သည်။

   ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်း ကျော်က ဥကပ်မှပေါက်လာသော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီများသည် စပါးသီးနှံနှင့် စားသုံး သီးနှံတို့၏ အဓိက ဖျက်ပိုးဖြစ်သည့် ဆစ်ပိုး၊ ရွက်လိပ်ပိုး၊ ရွက်လိပ် အိမ်ပိုး၊ ငမြှောင်တောင် ပိုးများ၏ ဥများကို ကပ်ပါးပြု၍ ဇီဝနည်းဖြင့် နှိမ်နင်းပေးနိုင်ပုံ၊ ဥကပ်ပါးနဂျီအသုံးပြုနည်း၊ ရည်ရွယ်ချက်နှင့် ဥကပ်ပါးနဂျီမှ ဖျက်ပိုးဥအတွင်း ဖွံ့ဖြိုးကြီးထွားမှု အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး လယ်ဧကအတွင်း လက်တွေ့သရုပ်ပြသ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ က ကြည့်ရှုအားပေးခဲ့သည်။

   အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကို အသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးဝင် ဖျက်ပိုးများကို ဥအဆင့်မှစ၍ နှိမ်နင်းနိုင်ကြောင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်မှု မရှိစေဘဲ သီးနှံများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ကင်းဝေးစေနိုင်ကြောင်း၊ သီးနှံစိုက်ခင်းရှိ အခြားသက်ရှိများ မြေ၊ ရေနှင့် လေထုတို့ကို အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများနှိမ်နင်းရာတွင် ရေရှည်အသုံးပြုနိုင်ကာ ကုန်ကျစရိတ်သက်သာ၍ လုံခြုံစိတ်ချရသော စားသုံးသီးနှံများကို ထုတ်လုပ်ပေးနိုင်မည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပ

  မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော် မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် သီတင်းကျွတ်ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲကို ၅.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပခဲ့ သည်။

   ရှေးဦးစွာ ကန်ကြီးစေတီ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင် များသည် ကန်ကြီးစေတီတော်နှင့် မင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင် မုဒုံမြို့ပေါ် ရပ်ကွက်များမှ လှေလှော်အသင်း (၁၀) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမပွဲစဉ်အဖြစ် မာရဇိန် လှေလှော်အသင်းနှင့် အောင်သိဒ္ဓိလှေလှော်အသင်းတို့က ယှဉ်ပြိုင်လှော်ခတ်ကြသည်။ မျိုးဆက် သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော် အားကစားသမားကောင်းများ ပေါ်ထွက်လာရန်အတွက် လှေလှော်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပ လျက်ရှိပြီး ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပထမဆု (၇)သိန်းကျပ်၊ ဒုတိယဆု (၅)သိန်း ကျပ်၊ တတိယဆု (၃)သိန်းကျပ်၊ နှစ်သိမ့်ဆုများ အသင်းတစ်သင်းလျှင် (၁)သိန်းကျပ်စီနှင့် မြို့သူမြို့သား စေတနာရှင် အလှူရှင်များက ထပ်ဆောင်းအပိုဆုများကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

DOCA (မွန်)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

                 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဩဂုတ်လမှ နိုဝင်ဘာလ အထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ( ၅ ) ခု အား စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၅)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဆက်သွယ်ရေး ဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်)နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက် အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်အလက်များနှင့် လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)များအား မိတ်ဖက်ဌာနများနှင့် သွားရောက် စစ်ဆေးပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် သိသင့်သိထိုက်သည့်အချက် အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း ဒေသထွက်ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ် အသုံး ပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရန် ရည်ရွယ်၍ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်း ထုတ် လုပ်သည့် အဓိကဒေသထွက်ကုန်များ၏ ထုတ်လုပ်မှုပမာဏ၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည် အသွေးအပါအဝင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ဒေသတွင်းထွက်ကုန်များ ထုတ်လုပ် သည့် လုပ်ငန်းရှင်များနှင့်လည်း သွားရောက် တွေ့ဆုံခဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နှင့် ဆိပ်ဖြူမြို့ရှိ ဒေသတွင်းထွက်ကုန်များ ဖြစ်သည့်ချည်ထည်၊ ဇီးဖျော်ရည်၊ ပုန်းရည်ကြီး၊ နှမ်းဖတ်ချဉ်၊ အုန်းမှန်ကူ၊ မြေပဲဆားလှော်၊ ပဲကြော်၊ ပဲလှော် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသတွင်း ထွက်ကုန် တစ်မျိုးချင်းအမယ်များ၏ ထုတ်လုပ်မှုပမာဏ၊ စားသုံးသူလက်ခံသုံးစွဲနိုင်သော အရည်အသွေးအပါ အဝင် ဖြန့်ဖြူးရောင်းချမှု အခြေအနေ များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထိုသို့တွေ့ဆုံမေးမြန်းခြင်း၊ မှတ်တမ်းပြုစုခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်စေမည့်ကုန်စည်များ ဈေးကွက်အတွင်းမှ ကာကွယ်တားဆီ နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိလာမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံမေးမြန်းခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ