Main menu

အလှအပရေးရာဆေးခန်းနှင့်ပတ်သက်၍ တိုင်ကြားမှုအား စိစစ်ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့မှ စားသုံးသူတစ်ဦး၏ တိုင်ကြားစာအရ ပျဉ်းမနားမြို့၊ ပန်းခင်း ၂ ရပ်ကွက်ရှိ အလှအပရေးရာဆေးခန်းတွင် အန္တရာယ်ရှိသော ထုတ်ကုန် များရောင်းချခြင်း၊ မြန်မာစာကုန်အညွှန်းအမှတ်အသားများ ဖော်ပြမှုမရှိသည့် ကုန်ပစ္စည်းများ ‌ရောင်းချခြင်း၊ လုပ်ငန်းလိုင်စင်၊ အွန်လိုင်းလိုင်စင်များမရှိဘဲ အွန်လိုင်းပေါ်တွင် ရောင်းချနေခြင်းတို့ ကြောင့် စားသုံးသူ‌ရေးရာဦးစီးဌာနသို့ တိုင်ကြားလာပါသည်။

          အဆိုပါတိုင်ကြားလာမှုနှင့် ပတ်သက်၍ (၉.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်  တွင် ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းရှိ အလှအပရေးရာဆေခန်းသို့ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လ/ထညွှန်ကြားရေးမှူး)  ဦးဆောင်၍ ပျဉ်းမနားမြို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာ ရေးမှူး၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ရာ အလှအပရေးရာဆေးခန်းသည် လုပ်ငန်းလိုင်စင်မရှိသေးကြောင်း၊ စည်ပင်လိုင်စင်လျှောက်ထား ဆဲဖြစ်ကြောင်းနှင့် အွန်လိုင်တွင်ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် လိုအပ်သောလုပ်ငန်း လိုင်စင်များကိုလျှောက်ထားရန် သက်ဆိုင်ရာနှင့်ချိတ်ဆက်ပေးခဲ့ပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများ ကို လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေ၍ အလှအပဆေးခန်းအား စိစစ်ရေး အဖွဲ့မှ ယာယီပိတ်သိမ်းစေလျက် လိုင်စင်များလျှောက်ထားမှုရရှိပြီးမှသာလျှင် ပြန်လည်ဖွင့်လှစ်သွား ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

                                                                                      DOCA (ပြည်ထောင်စုနယ်မြေ)