Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တော်ဝင် (ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၀.၇.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နောင်စွန်းရပ်ကွက် အတွင်းရှိ တော်ဝင်(ဆေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Dupro အမှတ်တံဆိပ်ပါ နို့စို့ကလေးဖော်စပ်စာသည် အာဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူး ရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

နားခါရပ်ကွက်အတွင်းရှိ စားသုံးသူများအားအသိပညာပေးဟောပြော

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၀.၇.၂၀၂၅) ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက် အတွင်းရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မတီရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုး နှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများ ဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေး လုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာ စေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော စားသုံးသူပြည်သူများအား 1535 Consumer Call Center လိုင်းခွဲ (3) သို့ လက်တွေ့ ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းများအား အသိပညာ ပေးဟောပြောခဲ့ပါသည်။ DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၇.၇.၂၀၂၅ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ မင်းခိုင် Electronic Center မှအထွေထွေမန်နေဂျာနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင် လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက် သတ်မှတ်ချက်၊ ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုး လျှောက်ထားခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg System ၏ Reportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။ DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၈.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ Char Char ( စတိုး ) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေး နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Foody အမှတ်တံဆိပ်ပါ ကြက်သားဟင်း တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြ ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင်‌ ဒေါ်ဆိုင်းလုလုမိုင် အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၇.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံ(မြောက်)ရပ်ကွက်ရှိ ဝင်းစတား(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိုးပုလဲ အမှတ်တံဆိပ်ပါ အဆီကျဗိုက်ချပ်ဆေး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား အရေအတွက် အသား တင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေး ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင် ဦးဝင်းထိန်ဦး အား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။ DOCA(ကချင်)

သဇင်မိုး (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၇.၇.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သီတာရပ်ကွက် အတွင်းရှိ သဇင်မိုး(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စူပါကင်း အမှတ်တံဆိပ်ပါ ထောပတ်မုန့်ကြွပ်သည် အသင့်စားမုန့် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။ DOCA(ကချင်)

ဟုန်ချမ်း (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၈.၇.၂၀၂၅ ရက်နေ့ ၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၂)အတွင်းရှိ ဟုန်ချမ်း (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Favorite အမှတ်တံဆိပ်ပါ ပြင်ဦးလွင်ဒေသထွက်အသင့်ဖျော် ကော်ဖီတွင် အသင့်ဖျော်ကော်ဖီအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြ ချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်း အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ DOCA(ကချင်)

မြိတ်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များမှ မြိတ်မြို့ရှိ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်(၉း၃၀)မှ (၁၁း၃၀)အထိ မြိတ်ခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် မြိတ်မြို့၊ နောက်လယ်ရပ်ကွက်နှင့် ဆိပ်ငယ်ရပ်ကွက်ရှိ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များ၊ ရေလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်နှင့် ဆေးဝါးအရောင်းဆိုင် ပစ္စည်းသိုလှောင်ရုံများအား ကွင်းဆင်းပြီး တရားမဝင် တင်သွင်းလာသော ပစ္စည်းများရှိ/မရှိနှင့် ကုန်စည်များအား တရားဝင်အခွန်ပေးဆောင်ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပြည့်စုံသော ကုန်စည်များအား သိုလှောင်ခြင်း ရောင်းချခြင်းပြုလုပ်ရန် အဆမတန်စျေးနှုန်းမြင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့သို့ စားအုန်းဆီပေပါများရောက်ရှိလာ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊နေ့လယ်(၁၄:၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၅၈ ပေပါ (သို့) ပိဿာ ၆၃၈၀ သည် ရန်ကုန်မြို့မှ 4S-8645 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ ဆောင်ရေးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်မြို့သို့ ဆန်လှေရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV-အောင်တက်တိုးရေယာဉ်ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောက်ရှိလာခဲ့သော ဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ် ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် (၆.၇.၂၀၂၅) ရက်နေ့တွင် MV-အောင် တက်တိုး ရေယာဉ်ဖြင့် ဆန်တန်(၄၅၀)၊ အိတ်ရေ(၉၀၀၀)ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ