Main menu

စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ တားမြစ်ချက်များအား အသိပညာပေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၁.၂.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ တားမြစ်ချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက  ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင်  ပြဌာန်းခဲ့သောစားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ  တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၃ အရ  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊ အသုံးပြုပုံ၊ ဈေးနှုန်း၊  ဝန်ဆောင်မှုနှုန်းထား၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံပေးထားမှု၊ ပေးအပ်နိုင်သည့်အချိန်နှင့် စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ မဟုတ်မမှန်သော သတင်းအချက်အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို စားသုံးသူအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသော ကြော်ငြာများကိုမပြုလုပ်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလအတွင်း ကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန် ကမ်းလှမ်းခြင်း၊ ကုန်စည်တစ်ခုကို ဆုကြေး သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြုထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချခြင်း၊ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်းမပြုရန် ပုဒ်မ ၆၄ အရ တားမြစ်ထားကြောင်း၊ ထိုပုဒ်မ ၆၃နှင့် ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၇၀ အရ  ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အားလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ပါ ပြစ်ဒဏ်များအား စီရင်ခြင်းခံရပြီးနောက် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေချမှတ်နိုင်ကြောင်း တို့အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)