Main menu

ညောင်ဦးမြို့တွင် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး      

Powered by Drupal

                             စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်အနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသောကုန်စည်များကိုသာထုတ်လုပ်ရောင်းချစေရေးတို့အတွက်ဈေးကွက်များအတွင်းရှိကုန်စည်များကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် အတူစဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။

                     (၂၀.၂.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် သည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ မဏိစည်သူဈေးရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ရောင်းချနေ သော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါပူးပေါင်းအဖွဲ့သည် ကုန်စည်များတွင် ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက်များ ပါဝင်မှုရှိ/မရှိ၊ သက်တမ်းလွန်ခြင်းများရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ကြပြီး၊ ရောင်းချသူလုပ်ငန်းရှင်များမှလည်း သက်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခြင်းသည် ထုတ်လုပ်သူ၊ ရောင်းချသူများမှလည်း မှန်ကန်သောရောင်းဝယ်မှုများ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းဝယ်လာခြင်းဖြင့် တရားမဝင် ကုန်စည်များ၊ စားသုံးရန်/သုံးစွဲရန်မသင့်သည့်ကုန်စည်များ ဈေးကွက်အတွင်းမှ လျော့နည်းပပျောက် သွားမည်ဖြစ်ပြီး  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း၊ သုံးစွဲနိုင်ခြင်းများဖြစ်ပေါ် လာ၍ စားသုံးသူများစိတ်ကျေနပ်မှုရရှိစေပြီး ဥပဒေများနှင့်အညီလုပ်ကိုင်ဆောင်ရွက်သော ထုတ်လုပ်သူ၊ ရောင်းချသူများလည်း အဆင်ပြေစွာထုတ်လုပ်ရောင်းဝယ်မှုများပြုလုပ်လာစေနိုင်ကာ ကုန်သွယ်ရောင်းဝယ်မှုများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါသည်။

DOCA(မန္တလေး)