Main menu

“မန္တလာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ”

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများကို စားသုံးသူအခွင့် အရေးအပြည့်အဝရရှိစေရန်နှင့် ကုန်စည်(သို့)ဝန်ဆောင်မှုမျာရွေးချယ်ဝယ်ယူသုံးစွဲရာတွင် နစ်နာ ဆုံးရှုံးမှုများမရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း များစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

              ထိုသို့ဆောင်ရွက်လျှက်ရှိရာ၌ (၁၉-၂-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအတွင် အမရ ပူရမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလာတက္ကသိုလ်ရှိ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလာတက္ကသိုလ် ရှိ (ပါမောက္ခ)ဌာနမှူးများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေက စားသုံးသူ ရေးရာဦးစီးဌာနအကြောင်းနှင့် စားသုံးသူအသိပညာပေးဟောပြောရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်မေသက်ထွန်း(ဦးစီးအရာရှိ)က စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ကုန်စည်(သို့)ဝန်ဆောင်မှု ကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)