Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်ရပ်ကွက်များရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအတိုင်း ဝယ်ယူသုံးစွဲနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက် များအတွင်းရှိ ဆန်ဆိုင်များသို့ ဒီဇင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ အမှတ်၂(၁၁၉) စည်ပင်လမ်းပြည်တော်သာရပ်ကွက်ရှိ ရတနာလွင်ဆန်ဆိုင်၊ အမှတ်(၁၃၅) စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ စန်းသော်တာ ဆန်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနမှ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် ဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေတို့အား ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့်ဝန်ထမ်းများသည် ၄-၁၂-၂၀၂၅ ရက်နေ့တွင် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၊ဘားကပ်ကျေးရွာ၊ မြိုင်ကလေးကျေးရွာတို့ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ စားအုန်းဆီများစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ကွင်းဆင်းိစစ်ရာတွင် သတ်မှတ်ရည်ညွှန်ဈေးဖြင့် ဖြန့်ဖြူရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချမှုရှိစေရေး၊ အလေးချိန်အရေအတွက်နှင့် အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်အရည်အတွက်အတိုင်း ဖြန့်ဖြူးရောင်းချစေရေးတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူသော အရောင်း ဆိုင်များကို ဘားအံမြို့နယ်တွင် (၃၁)နေရာ ဘားအံမြို့အနီးတဝိုက်ကျေးရွာတွင်(၇)နေရာ အခြားမြို့နယ်များတွင် (၆) စုစုပေါင်း လက်လီအရောင်းဆိုင်(၄၄)ဆိုင်မှ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ဈေးအတိုင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျကိရှိကြောင်း သိရသည်။

DOCA(ကရင်)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင် များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

    ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့်၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်ရောင်းချနေသည့် အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူ များအတွက် ရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများ ဒေသအတွင်းဖြစ်သင့်ဖြစ် ထိုက်သည့် ဈေး နှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။     

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ ခ.မ.ရ (၂၀၂) တပ်ရင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်း များသည် ၆-၁၂-၂၀၂၅ ရက်၊ စနေနေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေး ခ.မ.ရ (၂၀၂) တပ်ရင်းခန်းမတွင် (အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပ ခဲ့ကြောင်း သိရှိ ရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေး အကြောင်းသိကောင်းစရာများပြောကြားခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးမှ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို  Power Point ဖြင့် (အရာရှိ၊အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များကို လွယ်ကူစွာသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။

          အခမ်းအနားပြီးဆုံးပြီးနောက် (အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေ)များမှ အရာခံဗိုလ် ဦးကျော်ကံအောင်မှ ကျေးဇူးတင်စကားပြောကြားပြီး သိရှိလိုသည်များမေးမြန်၍  ထပ်မံဆွေးနွေး ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ခမရ (၂၀၂) တပ်ရင်းမှ အရာရှိ၊ စစ်သည် (၁၇)ဦး နှင့် ရဲမေ (၄၈) ဦး စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ပြီး ဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က မူလွန် (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်နှင့် ဝန်ထမ်းများသည် ၃-၁၂-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က မူလွန် (၁)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က  အွန်လိုင်းဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များအကြောင်းသိကောင်း စရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၆) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၄၀)ဦး စုစုပေါင်း ဦးရေ(၅၆) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က မူလွန် (၁) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၃-၁၂-၂၀၂၅) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.မ.က မူလွန် (၁)  အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၂)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက် ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် City Mart(ဖော့ကန်)၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ စျေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ဆိုင်တင်ရောင်းချခြင်းမပြုရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအား သွား‌ရောက်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ် စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း(ကိုယ်စားလှယ်)မှထုတ်ယူခဲ့သော နိုဝင်ဘာလ နောက်ဆုံးအပတ်အတွက်  စားအုန်းဆီ (၈၄) ပေပါ၊ ယာဉ်အမှတ် 6L/4512 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂.၁၂.၂၀၂၅) ရက်နေ့တွင် ရောက် ရှိလာမှုအား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအား သွား‌ရောက်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ် စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၃၅)ပေပါ၊ ယာဉ်အမှတ် 5P/ 8190နှင့် စားအုန်းဆီပေပါ(၄၅)ပေပါ၊ ယာဉ်အမှတ် 5K/9247  ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁.၁၂.၂၀၂၅) ရက်နေ့တွင်ရောက်ရှိလာမှုအား ကော့သောင်းခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ